ရန်ကုန်တိုင်း

A d v e r t i s e m e n t With Us

March 5, 2021

ရန်ကုန်တိုင်းအတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှု ၇၅ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)တွေ ဖွဲ့စည်းမှု  ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)က မတ်လ ၅ ရက်မှာ ကြေညာပါတယ်။

မြို့နယ်ပေါင်း ၄၅ မြို့နယ်ထဲက ၃၄ မြို့နယ်မှာ ဖွဲ့စည်းပြီးဖြစ်ကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ၁၁ မြို့နယ် ကျန်ရှိနေပါတယ်။

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ လွှတ်တော်ကိုယ်စားလှယ်၊ ဥပ‌ဒေပညာရှင်တွေနဲ့ မြို့မိမြို့ဖ၊ CDM ပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ (G-Z)လူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်း အသီးသီးအတွက် ကိုယ်စားလှယ်တွေနဲ့ ပါဝင်ထိုက်သူတွေ ပါဝင်ပြီး အနည်းဆုံး ၁၁ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့  ‌ CRYH ရဲ့ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကျန်ရှိတဲ့မြို့နယ်တွေမှာလည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်လက်ဖွဲ့စည်းသွားမယ်လို့ CRYH က အသိပေးထားပါတယ်။

4 days Ago

February 14, 2021

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်း

ရန်ကုန်တိုင်းအတွင်း အထည်ချုပ်စက်ရုံတချို့ အထည်အမှာစာတွေ  ပယ်ဖျက်ခံရတာနဲ့ ဆန္ဒပြပွဲတွေကြောင့် ပိတ်သိမ်းနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း လုပ်သား ၂၀၀ လောက် လုပ်ကိုင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Myanmar Thieasy Textile အထည်ချုပ်စက်ရုံကလည်း အထည်အမှာအော်ဒါတွေ ပယ်ဖျက်ခံရတဲ့အတွက် ရုတ်တရက် ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတွေကို အလုပ်ပိတ်နစ်နာကြေးတွေ မပေးချေတာကြောင့် တိုင်ကြားထားမှုတွေရှိ​နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်အားလုံးလိုလိုမှာ ပြည်သူဝန်ထမ်း၊ အလုပ်သမားနဲ့ ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပွဲတွေ နေ့စဉ် သန်းနဲ့ချီ ပြုလုပ်နေကြတာကြောင့် စက်မှုဇုန် စက်ရုံအလုပ်ရုံ လုပ်ငန်းအားလုံးနီးပါးလည်း ရပ်ဆိုင်းထားရတာပါ။ 

လက်ရှိဖြစ်ပွား​နေတဲ့ အခြေအနေတွေကြောင့် စက်ရုံတွေ ထပ်မံပိတ်ရနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ဓတ်ပုံ-LHEO

3 weeks Ago

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် လူစိမ်းဝင်ရောက်သဖြင့် ရပ်ကွက်နေသူများ ဝိုင်းဝန်းဖမ်းဆီး

ညမထွက်ရအမိန့်ထုတ်ထားတဲ့ ရန်ကုန်အတွင်းက မြို့နယ်အချို့မှာ မနေ့ညက လူစိမ်းဝင်ရောက်တဲ့အတွက် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ဝိုင်းဝန်းဖမ်းဆီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သင်္ဃန်းကျွန်း၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဒုံ၊ ဒေါပုံ၊ အင်းစိန်ကမ်းနား၊ လှိုင်သာယာ အပါအဝင် မြို့နယ်အတော်များများမှာ လူစိမ်းဝင်တယ်ဆိုပြီး ရပ်ကွက်နေပြည်သူတွေက စိုးရိမ်ကာ သံပုံးတီး ဝိုင်းဝန်းဖမ်းဆီးထိန်းသိမ်းတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ ကျော်လောက်က ထောင်က လွတ်မြောက်လာတဲ့သူ ၃ ဦးဖမ်းမိထားပြီး ၁ ဦးမှာတော့ ၂ ပတ်စာ မက်သတုံးဆေးဘူးတွေ ပါရှိကာ ဆေးကို စစ်ဆေးပြီးတဲ့အချိန်ထိ ဖမ်းဆီးထားမယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ည ၈ နာရီ ဝန်းကျင် ပြည်သူတွေ သံပုံးတီးနေချိန် ရပ်ကွက်အတွင်း လူစိမ်းတွေ ဝင်ရောက်လာတာကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပြီး ၃ ဦးက လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတွေရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးမိထားတဲ့သူတွေကို ရပ်ကွက်ရုံးမှာသာထားမှာဖြစ်သလို အဖြစ်မှန် သိရတဲ့အချိန်ထိ မေးမြန်းသွားမယ်လို့ ဦးဆောင်ဖမ်းဆီးတဲ့ သူတွေက ပြောပါတယ်။ 

ဗိုလ်တစ်ထောင်မြို့နယ် ၄၄ လမ်း၊ ၄၃ လမ်း၊ ဗိုလ်ကလေးဈေးလမ်း၊ ၄၂ လမ်း၊ ၄၁ လမ်း စတဲ့လမ်းတွေမှာလည်း မနေ့ည ၁၀ နာရီလောက်က လူစိမ်း ၁၀ ဦးလောက် ဝင်ရောက်တယ်ဆိုပြီး ရပ်ကွက်နေပြည်သူတွေက သံပုံးတွေတီး ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ ၃ ဦး ဖမ်းမိခဲ့ပါတယ်။

 ဖမ်းမိတဲ့ ၃ ဦးထဲမှာ ၁ ဦးက မှားယွင်းဖမ်းမိတာဖြစ်ပြီး သူ့အိမ်က လာရွေးလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရပ်ကွက်နေသူတဦးပြောပါတယ်။

“ညဘက်အချိန်မတော် ကိုယ့်ရပ်ကွက်အတွင်းမဟုတ်ဘဲ မထွက်ကြပါနဲ့၊ ခံရတဲ့လူက အတော်နစ်နာပါတယ်။ ဒါတောင် လက်လွန်ပြီး ကတုံးအတုံးခံလိုက်ရပါတယ်။” 

နောက် ၁ ဦးကတော့ ညဘက်အမှိုက်လိုက်ကောက်တယ်လို့သိရပြီး လည်ပင်း အောက်နားမှာ ဆေးထိုးအပ်နဲ့ ထိုးသွင်းထားတဲ့ မူးယစ်ဆေးကြောင့် မူးကြောင်နေတဲ့  လက္ခဏာတွေ့ရလို့ ရပ်ကွက်က စိန်ပေါကျောင်းမှာ ထိန်းသိမ်းထားပါတယ်။

တစ်ကိုယ်လုံး စက်ဆီသုတ်လိမ်းထားတဲ့ ၁ ဦးကတော့ လည်ပင်းမှာ ဆေးထိုးအပ်နဲ့ ထိုးသွင်းထားတဲ့ အပ်ရာ  ၂ ခုရှိပြီး သူ့ကိုတော့ ဘာမှ အတိအကျမသိရှိသေးတဲ့အတွက် စိန်ပေါကျောင်းမှာပဲ ရပ်ကွက်က ထိန်းသိမ်းပေးထားပါတယ်။

မင်္ဂလာဒုံမြို့နယ် ၂ က စံပြရပ်ကွက်ထဲမှာထဲမှာ ၁ ဦး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ သာကေတ ဒေါပုံ ရပ်ကွက်မှာလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အင်းစိန် ကမ်းနားဘက်မှာလည်း လူစိမ်းဝင်တဲ့အတွက် ဖမ်းဆီးတာမျိုးရှိပြီး ညဘက် ရပ်ကွက်လမ်းတွေအလိုက် ပြည်သူတွေက လုံခြုံရေးယူထားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

တောင်ဒဂုံ ၂၂ ရပ်ကွက်မှာလည်း မီးကွင်းပစ်တယ်ဆိုပြီး မနေည ၉ နာရီအချိန်လောက်မှာ သံပုံးတွေတီးပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေအနေနဲ့ မီးကွင်းပစ်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကြောင့် လမ်းအလိုက် လုံခြုံရေးယူကာ စောင့်ကြပ်မှုတွေ လုပ်နေပါတယ်။

3 weeks Ago
More News
Up