ရန်ကုန်တိုင်းအစိုးရ

November 27, 2020

စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ရရေး ရန်ကုန်တိုင်းအစိုးရနှင့်ညှိနှိုင်းနေ

ရန်ကုန်တိုင်းထဲက စားသောက်ဆိုင်တွေ ဒီဇင်ဘာလအတွင်းမှာ ကိုဗစ်စည်းကမ်းချက်နဲ့အညီ  ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ တိုင်းအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့  စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်လူနာ  မြင့်တက်နေတဲ့အတွက် ရန်ကုန်တိုင်းထဲမှာရှိတဲ့ စားသောက်ဆိုင်တွေအားလုံးကို စက်တင်ဘာ ၈ ရက်နေ့က စတင်ပြီး  ဆိုင်ထိုင်စားသောက်ခွင့် မပြုဘဲ ပါဆယ်စနစ်နဲ့ပဲ  ရောင်းချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတာပါ။  ကိုဗစ်ကြောင့် စားသောက်ဆိုင်တွေဟာ ပါဆယ်စနစ်နဲ့ ရောင်းချနေရပြီး ရောင်းအားက သိသာစွာ ကျဆင်းနေသလို ဆိုင်ပိုင်ရှင်တွေဘက်က လစဉ် ဆိုင်ငှားခ၊ အခွန်အခနဲ့ ဝန်ထမ်းငှားရမ်းခ စတာတွေ ပေးဆောင်နေရတဲ့ အခြေအနေရှိပါတယ်။  ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း ကိုဗစ်စည်းကမ်းနဲ့ အညီ စားသောက်ဆိုင်တွေ ပြန်ဖွင့်လှစ်ရဖို့  မြန်မာနိုင်ငံစားသောက်ကုန်လုပ်ငန်းရှင်များအသင်း  ပြီးခဲ့တဲ့ရက်က တိုင်းအစိုးရဆီ စာတင်ပြထားတယ်လို့ အသင်းဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်ကြောင့်  ပိတ်သိမ်းထားရတဲ့ စားသောက်ဆိုင်အများစုဟာ ပြန်လည်ဖွင့်လှစ်ခွင့် မရနိုင်ဘဲ ပြိုလဲသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီထဲ ၈၅ ရာခိုင်နှုန်းလောက်က ပြန်ခွင့်မရရင် အပြီးပိတ်သိမ်းဖွယ်ရှိနေတယ်လို့  မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။  အခုလိုသာ နောက်ထပ် ၂ လ၊  ၃ လအတွင်း စီးပွားရေး နာလန်မထူတော့ပါက အလုပ်လက်မဲ့လူဦးရေ များပြားလာနိုင်တယ်လို့ ဦးနေလင်းက ဆိုပါတယ်။ ကိုဗစ်ကာလအတွင်း ဆိုင်တွေပိတ်ထားရကြောင့် ဝင်ငွေမရှိတာကြောင့် ဆိုင်ကဝန်ထမ်းတွေကို လစာမပေးနိုင်တဲ အခြေအနေတွေ ရှိလာတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားဧည့်သည်တွေ အသုံးပြုနိုင်မယ့် အဆင့်မြင့်စားသောက်ဆိုင်ပေါင်း  ၈၀၀ ကျော် ရှိနေပြီး ရန်ကုန်တိုင်းထဲမှာ ဆိုင်ပေါင်း  ၃၀၀ ကျော်ရှိနေပါတယ်။  နန့်ခိုင်
1 year Ago

May 22, 2020

သူနာပြုတက္ကသိုလ်ပြိုကျမှု  စုံစမ်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်တိုင်းအစိုးရထံ တင်ပြမည်

သူနာပြုတက္ကသိုလ် (ရန်ကုန်)ရဲ့ လေးထပ်ဆောင်ပြိုကျခဲ့တဲ့ အခြေအနေနဲ့ ပြန်လည်ပြင်ဆင်ရမယ့်အပိုင်းတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က သက်ဆိုင်ရာဌာနတွေကို တင်ပြသွားဖို့ ရှိနေပါတယ်။  လမ်းမတော်မြို့နယ်မှာရှိတဲ့ သူနာပြုတက္ကသိုလ်လေးထပ်ဆောင်ဟာဆို ပြီးခဲ့တဲ့သီတင်းပတ်  မေလ ၁၇ ရက်နေ့က ပြိုကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပြိုကျခဲ့တဲ့အခြေအနေနဲ့ပတ်သတ်ပြီး မေလ ၁၈ ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ လတ်တလော စုံစမ်းသိရှိထားတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရ အဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနသုံးခုကို ပို့ဆောင်သွားမယ်လို့  မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောပါတယ်။  လက်တလော ပြိုကျပျက်စီးခဲ့တဲ့အခြေအနေနဲ့ပတ်သတ်ပြီး စုံးစမ်းစစ်ဆေးရေးအဖွဲ့က အဆင့်သုံးဆင့်နဲ့ လုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ကျောင်းဆောင်ပြိုကျခဲ့တဲ့အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှုအနည်းအများကို ကြည့်ပြီး ပြန်လည်ပြင်ဆင်သင့်လား အသစ်ဆောက်သင့်လားဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ စုံးစမ်းစစ်ဆေးရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစောထွေးဇော်က ပြောပါတယ်။ သူနာပြုတက္ကသိုလ်ကျောင်းဆောင် ပြိုကျခဲ့ချိန်မှာ လေးထပ်ဆောင်ရဲ့အပေါ်ဆုံးထပ်နဲ့ ဆင်ဝင်ပေါက်တို့မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး ကျောင်းပိတ်ထားချိန်ဖြစ်လို့ ကျောင်းသူ ကျောင်းသားတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။  ပြိုကျခဲတဲ့ အဆောက်အအုံထဲမှာ တန်းဖိုးကြီးတဲ့ သင်ထောက်ကူပစ္စည်းတွေရှိနေသေး တဲ့အတွက် တခြားတစ်နေရာကို ရွှေ့ပြောင်းထားနိုင်ဖို့ ပြင်ဆင်နေတဲ့အပိုင်းတွေ ရှိနေတယ်လို့ လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ပြိုကျခဲ့တဲ့ သူနာပြုတက္ကသိုလ်ဟာ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး  ၂၀၁၃  ခုနှစ်မှာ  ဒေါက်တာ ဖေသက်ခင်ကဖွင့်လှစ်ခဲ့တာပါ။ သက်တမ်းအားဖြင့် ၇  နှစ်သာရှိသေးတဲ့ တက္ကသိုလ်ကျောင်းဆောင်ကြီး  သူ့အလိုလို ပြိုကျ ပျက်စီးသွားခဲ့တာလည်း ဖြစ်ပါတယ်။   
2 years Ago
More News
Up