ရန်ကုန်တိုင်းတရားရုံး

March 30, 2020

ရန်ကုန်တိုင်းတရားရုံးတွင် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ အမှုများ ပြန်စစ်ဆေးမည်

အမှုရုံးချိန်းတွေ ရွှေ့ဆိုင်းရင် ကြန့်ကြာနေနိုင်တာကြောင့် အရင်ထုတ်ပြန်ချက် အတိုင်းမဟုတ်တော့ဘဲ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ အမှုတွေ ပြန်စစ်တော့မယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ကြေညာပါတယ်။ မတ် ၃၀ ရက်နေ ဧပြီ ၃၀ ရက်အတွင်း ကြားနာဖို့ ချိန်းဆိုထားတဲ့ ရာဇဝတ်နဲ့ တရားမမှုခင်းတွေ ကြားနာဖို့ကိစ္စကို ဆိုင်းငံ့လိုက်တယ်လို့ မတ် ၂၄ ရက်မှာ ကြေညာခဲ့ပြီးနောက် အခုလို ပြန်ကြေညာလိုက်တာပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေအတိုင်း အမှုတွေကို ဧပြီ ၁ ရက်ကစလို့ အရင်အတိုင်း စစ်ဆေးကြားနာသွားမယ်လို့ ဆိုပါတယ်။ တရားရုံးတွေမှာ တတ်နိုင်သမျှလူနည်းအောင်လုပ်မှာဖြစ်ပြီး အမှုနဲ့မဆိုင်သူတွေကို တရားခွင်ထဲကို လုံးဝမလာရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အပူချိန်တိုင်းမှာဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်ကျော်သူတွေကိုတော့ ကျန်းမာရေးဌာနကို အကြောင်းကြားမှာ ဖြစ်ပါတယ်။ တရားရုံးတွေမှာ လက်ဆေးနိုင်တဲ့နေရာတွေ၊ အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါတဲ့ လက်သန့်ဆေးရည်တွေထားမှာဖြစ်ပြီး လေဝင်လေထွက်ကောင်းအောင်လည်း လုပ်ထားမှာ ဖြစ်ပါတယ်။ တရားခွင်မှာ တယောက်နဲ့တယောက် ၃ ပေအကွာနေစေပြီး ကြားနာစစ်ဆေးမှာဖြစ်ပြီး တရားစီရင်ရေး လုပ်နေတုန်း နှာချေရင်၊ ချောင်းဆိုးရင် ပါးစပ်နဲ့နှာခေါင်းစည်းကိုချက်ချင်း အသုံးပြုစေမှာဖြစ်ပါတယ်။
1 year Ago

March 25, 2020

COVID-19 ကြောင့် ရန်ကုန်တိုင်းတရားရုံး အမှုကြားနာမည့်ကိစ္စများ  ဧပြီလကုန်ထိ ဆိုင်းငံ့

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှုတွေကြားနာမယ့်လုပ်ငန်းကိစ္စတွေကို ဧပြီလကုန်အထိ ဆိုင်းငံ့လိုက်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ကြေညာပါတယ်။ မတ် ၃၀ ရက်ကနေ ဧပြီ ၃၀ ရက်အတွင်း ၃ ပတ်ကြိုပြီး ကြေညာထားတဲ့ ရာဇဝတ်မှုနဲ့ တရားမမှုခင်းတွေကို ဆိုင်းငံ့လိုက်ပြီး မတ် ၂၅ နဲ့ ၂၆ ရက်တို့အတွက် ထုတ်ပြန်ချိန်းဆိုထားတာတွေကိုတော့  ကြားနာသွားမယ်လို့ ဆိုပါတယ်။ ပြီးတော့ မတ် ၃၀ ကနေ ဧပြီ ၃၀ ရက်အတွင်း ချိန်းဆိုထားတဲ့အချုပ်တရားခံပါတဲ့ မှုခင်းတွေကိုတော့ သတ်မှတ်ရုံးချိန်းရက်တွေမှာ အင်းစိန်အကျဉ်းထောင်ထဲမှာပဲ ချိန်းဆိုသွားမှာ ဖြစ်ပါတယ်။ ပြန်ပြီး ရုံးထိုင်ကြားနာမယ့်ရက်ကို ထပ်ကြေညာပေးမယ်လို့လည်း ဆိုပါတယ်။
1 year Ago
Up