ရန်ကုန်တိုင်းက ၈၈၀

October 31, 2020

ကိုဗစ်လူနာသစ် ၁,၀၉၃ ဦးတွင် ရန်ကုန်တိုင်းက ၈၈၀ တွေ့ရှိ၊ သင်္ဃန်းကျွန်းက ၁၀၉ ဦးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ်  ၁,၀၉၃ ယောက်ထဲမှာ ရန်ကုန်တိုင်းက အယောက် ၈၈၀ နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ  ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ သင်္ဃန်းကျွန်းက ၁၀၉ ယောက်၊ မင်္ဂလာဒုံ ၁၁၄ ယောက်၊ ကြည့်မြင်တိုင်က ၆၄ ယောက်၊ အင်းစိန်က ၆၂ ယောက်၊ ရွှေပြည်သာက ၄၈ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၃၉  မြို့နယ်  ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ ပဲခူးတိုင်း မြို့နယ် ၁၅ ခုမှာ ၄၅ ယောက်၊ မန္တလေးတိုင်းမြို့နယ် ၁၀ ခုမှာ ၄၄ ယောက်၊ မကွေးတိုင်းမြို့နယ် ၈ ခုမှာ ၂၂ ယောက်၊ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုမှာ ၁၉ ယောက်၊ ဧရာဝတီတိုင်း မြို့နယ် ၁၁ ခုမှာ အယောက် ၄၄ ယောက်၊ မွန်ပြည်နယ် မြို့နယ် ၄ ခုမှာ ၅ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၆ ခုမှာ ၁၃ ယောက်၊ နေပြည်တော် မြို့နယ် ၂ ခုမှာ ၂  ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၂ ခုမှာ ၆ ယောက်၊ ကချင်ပြည်နယ် ဖားကန့်မှာ ၈ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၅ ခုမှာ ၅ ယောက် အသီးသီး တွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၁၆၈ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၃၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၁၄၉၆  ယောက်၊ သေဆုံးသူ ၁,၂၁၉  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၃၁,၃၃၀  ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၂ သန်းနီးပါးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
2 years Ago
Up