ရန်ကုန်တက္ကသိုလ်ကောင်စီ

April 23, 2021

စစ်ကျွန်ပညာရေးစနစ်တိုက်ဖျက်ရန် ကြားကာလ ရန်ကုန်တက္ကသိုလ်ကောင်စီဖွဲ့စည်း

စစ်အာဏာရှင်ကို  ဆန့်ကျင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ဖို့အတွက် ကြားကာလ ရန်ကုန်တက္ကသိုလ်ကောင်စီကို ဖွဲ့စည်းကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဧပြီ ၂၂ရက်နေ့မှာ ကြေညာပါတယ်။

ကြားကာလရန်ကုန်တက္ကသိုလ်ကောင်စီကို ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂနဲ့  ကျောင်းသားသမဂ္ဂတို့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအားလုံးကို လုံးဝအသိအမှတ်ပြုမှာမဟုတ်ဘဲ ဖက်စစ်ပညာရေးစနစ်ကို တိုက်ဖျက်မယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မေလ ၅ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးက တက္ကသိုလ်တွေပြန်ဖွင့်ဖို့ ညွှန်ကြားခဲ့ပေမဲ့  ဒေသအသီးသီးကတက္ကသိုလ်တွေဟာ ယာယီ တက္ကသိုလ် ကောင်စီတွေ ဖွဲ့စည်းပြီး ကိုယ်ပိုင်အုပ်ချုပ်မယ်ဆိုတဲ့ ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်လာကြပါတယ်။

8 months Ago
Up