ရန်ကုန်စာတိုက်ကြီး

August 10, 2021

လုံခြုံရေးတင်းကျပ်ထားသည့် ရန်ကုန်စာတိုက်ကြီးအနီး ဗုံးထပ်ဆင့်ပေါက်ကွဲမှုများ ဖြစ်ပွား

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက် ယာဥ်ထိန်းရုံးနားနဲ့ ကမ်းနားလမ်း စာတိုက်ကြီးအနီးမှာ ဩဂုတ် ၁၀ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့​ပါတယ်။

ဗိုလ်အောင်ကျော်လမ်း ကမ်းနားဘလောက် ယာဉ်ထိန်းရုံးနားမှာ ပထမအကြိမ် ပေါက်ကွဲခဲ့ပြီး  ကမ်းနားလမ်းစာတိုက်နားမှာ နောက်ထပ် ဗုံး  ၂ လုံး ထပ်ဆင့်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဒီနေ့မနက်အစောပိုင်းက ရန်ကုန်မြို့လယ်မှာ စစ်ကောင်စီတပ်တွေ လုံခြုံရေးတင်းကျပ်တဲ့ကြားက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရန်ကုန်မြို့လယ် အဓိကလမ်းမကြီးတွေကို ပိတ်ဆို့စစ်ဆေးနေပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာ ရှိမရှိအခြေအနေကို ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

4 months Ago
Up