ရန်ကုန်က ၉၉၇ ဦး

November 20, 2020

ကိုဗစ်လူနာသစ် ၁၅၆၀ ဦးတွင် ရန်ကုန်က ၉၉၇ ဦး၊ မန္တလေးတိုင်းက ၁၉၇ ဦးဖြင့် အများဆုံးပါဝင်

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၅၆၀ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၉၇ ယောက်၊ မန္တလေးတိုင်းက ၁၉၇ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၁၃၄ ယောက်၊ အင်းစိန်မြို့နယ်က ၁၀၁ ယောက်၊ မြောက်ဥက္ကလာပက ၆၉ ယောက်၊ သန်လျင် ၆၇ ယောက်၊ တောင်ဒဂုံ ၆၉ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၃ ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၅ ခုမှာ ၁၉၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၁၆၇ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၁ ခုမှာ ၄၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၆၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၁၆ ယောက်၊ နေပြည်တော်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၅ ယောက်၊ ကရင်ပြည် နယ်မြို့နယ် ၂ ခုမှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ  ၄ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၃၆ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ  ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၅၅,၆၃၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၉ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။
5 months Ago
Up