ရန်​ကုန်​-ဒလ မြစ်​ကူးတံတားအတွက်

April 10, 2017

ရန်​ကုန်​-ဒလ မြစ်​ကူးတံတားအတွက် ဂျပန်ချေးငွေရရှိ

ရန်ကုန်-ဒလ မြစ်ကူးတံတားကို မကြာခင်ကာလအတွင်းမှာ အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။ “ရန်ကုန်မြို့ပြနယ်နယ်နိမိတ် တိုးချဲ့နိုင်ဖို့အတွက် ရန်ကုန်-ဒလ မြစ်ကူးတံတားကို မကြာခင် တည်ဆောက်သွားမှာပါ။ တည်ဆောက်ဖို့အတွက် ဂျပန်နိုင်ငံက ချေးငွေလည်း ရရှိထားပါပြီ။ အခုချိန်မှာတော့ ရန်ကုန်မြို့နဲ့ ဆက်စပ်နေတဲ့ တံတားတွေကို ဖြတ်သန်း သွားလာခွင့်အခွန်တွေ မကောက်တော့ပါဘူး။ ဒါပေမယ့် ပြည်သူတွေအနေနဲ့လည်း သတ်မှတ်တန်ချိန်ထက် ပိုပြီးတင်ထားတဲ့ ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့လိုတယ်” လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြောပါတယ်။ ဧပြီ ၁၀ ရက်နေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အစိုးရရဲ့ ၁ နှစ်တာ လုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သတင်း - အောင်ဆန်းဦး
4 years Ago
Up