ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်သူများစောင့်ကြည့်နိုင်အောင်လုပ်ဆောင်မည်

January 31, 2019

ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်သူများစောင့်ကြည့်နိုင်အောင်လုပ်ဆောင်မည်

ရန်​ကုန်​ စည်​ပင်​​ရွေး​ကောက်​ပွဲကို ပြည်​သူ​တွေကိုယ်​တိုင်​ ​စောင့်ကြည့်တဲ့ လှုပ်​ရှားပုံစံမျိုး လုပ်​​ဆောင်​သွားမယ်​လို့​ ရွေး​ကောက်​ပွဲ​စောင့်ကြည့်တဲ့အဖွဲ့ဖြစ်​တဲ့ PACE အဖွဲ့က ​သတင်းစာ ရှင်းလင်းပွဲပြုလုပ်​ပြီး​ ပြောပါတယ်​။ တရားမျှတတဲ့​ ရွေး​ကောက်​ပွဲဖြစ်​ဖို့ ရန်​ကုန်မြို့နေ ပြည်​သူ​တွေ ထိုင်စောင့်ကြည့်တဲ့ပုံစံမျိုး လုပ်​​ဆောင်​သွားမှာ ဖြစ်​ပါတယ်​။ ရွေး​ကောက်​ပွဲ​ စောင့်ကြည့်ဖို့​ စေတနာ့ဝန်​ထမ်းအ​ယောက်​ ၁၀၀​​ ကျော်​ လျာထားပြီး ပါဝင်​ချင်​​သူတွေအ​နေနဲ့ အ​ခြေခံပညာအဆင့် ရှိရမှာဖြစ်​ပြီး ပါတီိတခုခုရဲ့ အဖွဲ့ဝင် မဟုတ်​တဲ့ လူ​တွေ လာ​ရောက်​​လျှောက်​ထားနိုင်​တယ်​လို့ PACE အဖွဲ့ရဲ့ အစီအစဉ် မန်နေဂျာ ကိုဟန်​စိုးထွန်းက​ ပြောပါတယ်​​။ ရန်​ကုန်​ရဲ့ လူစည်​ကားတဲ့​ နေရာ​တွေမှာ ​လျှောက်​လွှာ​ဖောင်​​တွေကို လာ​လျှောက်​ထား နိုင်​တယ်​လို့လည်း ဆိုပါတယ်​​။ ရွေး​ကောက်​ပွဲ​စောင့်ကြည့်တဲ့​ စေတနာဝန်​ထမ်း​တွေကို သင်​တန်း​ပေးတာတွေ ပြုလုပ်​သွားမယ် လို့လည်း ဆိုပါတယ်​။  
2 years Ago
Up