ရန်​ကုန်​ပညာ​ရေးတက္ကသိုလ် ​​ကျောင်းသားများသမဂ္ဂ ဦးဆောင်ပြီး 7 July အခမ်းအနား ကျင်းပ

A d v e r t i s e m e n t With Us

July 7, 2017

ရန်​ကုန်​ပညာ​ရေးတက္ကသိုလ် ​​ကျောင်းသားများသမဂ္ဂ ဦးဆောင်ပြီး 7 July အခမ်းအနား ကျင်းပ (ဓာတ်ပုံ)

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်တဲ့ 7 July အခမ်းအနားကို ဒီကနေ့မနက် ကျင်းပခဲ့တယ်။ မနက် ၇ နာရီမှာ ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီး စုရပ်ပြုလုပ်ပြီး ပြည်လမ်းအတိုင်း ချီတက်လမ်းလျှောက်ကာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်အောင်ကျော်အုတ်ဂူရှေ့မှာ အောက်မေ့သတိရ အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ 7 July အခမ်းအနားဟာ ၅၅ နှစ်ပြည့် အခမ်းအနားဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ကျောင်းသားထုအပေါ် ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖြိုဖျက်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇေယျာချမ်းအေး  
4 years Ago
Up