ရန်းစ်

March 15, 2019

ရန်းစ်အသင်းကို အနိုင်ယူပြီး အာဆင်နယ် ယူရိုပါလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်က အိမ်ကွင်းမှာ ပြင်သစ်ကလပ် ရန်းစ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ပွဲစဉ်တုန်းက အာဆင်နယ် ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားပေမယ့် အခုပွဲအနိုင်ကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုးနဲ့ အာဆင်နယ်နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားတာပါ။ ဒီပွဲမှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပဲ တိုက်စစ်မှူး အူဘာမီယန်းက သွင်းယူပါတယ်။ ဒုတိယဂိုးကို နောက်ထပ် ၁၀ မိနစ်လောက်မှာပဲ မီလင် နိုင်းစ်က သွင်းယူပါတယ်။ အာဆင်နယ်က အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ရန်းစ်က အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် တတိယဂိုးကို ၇၂ မိနစ်မှာ တိုက်စစ်မှူး အူဘာမီယန်းကပဲ သွင်းယူပြီး ရန်းစ်အသင်း ချေပဂိုး တဂိုးမှ ပြန်မသွင်းနိုင်ဘဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
2 years Ago

March 8, 2019

ယူရိုပါလိဂ်တွင် ပြင်သစ်ကလပ် ရန်းစ်ကို အာဆင်နယ် ၃ ဂိုး ၁ ဂိုးဖြင့်ရှုံး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်က ပြင်သစ်ကလပ် ရန်းစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။ ပြင်သစ်မှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အာဆင်နယ်တိုက်စစ်မှူး အိုင်ဝိုဘီက ပွဲအစ ၃ မိနစ်လောက်မှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့တာပါ။ ပွဲချိန် ၄၁ မိနစ်မှာ အာဆင်နယ် နောက်ခံလူ ဆိုကရေတစ် နှစ်ဝါတနီနဲ့ အထုတ်ခံရပြီး စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ရန်းစ်အတွက် ချေပဂိုးကို ပွဲချိန် ၄၂ မိနစ်လောက်မှာပဲ သွင်းယူပါတယ်။ တယောက်လျော့ အာဆင်နယ်ဘက်ကို အိမ်ရှင်အသင်းက ဖိအားပေး ကစားနိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။ ရန်းစ်အသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်တလျှောက်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ အာဆင်နယ်နောက်ခံလူ မွန်ရီရယ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ရန်းစ်အသင်း ဒုတိယဦးဆောင်ဂိုး ရသွားပါတယ်။ ရန်းစ်အတွက် အပိတ်ဂိုးကို ၈၈ မိနစ်မှာ ဆာက သွင်းယူပြီး ပွဲအပြီးမှာ ရန်းစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီကတော့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ အခုရလဒ်ကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
2 years Ago
Up