ရန်မူ (ရုပ်သံ)

January 29, 2018

ကားစက်ခေါင်းထဲ ဝင်ခွေနေသည့် တောကြီးမြွေဟောက် ဖမ်းဆီးသူများကို ရန်မူ (ရုပ်သံ)

ထိုင်းတောင်ပိုင်း တရန်းခရိုင် ဝမ်းဝိဆစ်မြို့မှာ မနေ့က ကားစက်ခေါင်းထဲ ဝင်ခွေနေတဲ့ တောကြီးမြွေဟောက်တကောင်ကို ကယ်ဆယ်ရေးအဖွဲ့တွေ ဖမ်းဆီးရာမှာ တချိန်လုံး ရန်မူခဲ့တယ်လို့ သိရပါတယ်။ ဝမ်းဝိဆစ်မြို့ ဝမ်းမပလန်နိုရပ်ကွက်နေ နန်းကျိလားဖန်းဆိုသူ အမျိုးသမီးတဦးဟာ အပြင်မသွားခင် ကားစက်ကိုစစ်ဆေးဖို့ ရှေ့ခေါင်းဖုံးကို ဖွင့်ကြည့်ရာမှာ စက်ထဲဝင်ခွေနေတဲ့မြွေကို တွေ့ရလို့ အလန့်တကြားနဲ့ မြို့နယ်ကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားလိုက်တာပါ။ ကယ်ဆယ်ရေးအဖွဲ့တွေ ချက်ချင်းရောက်ရှိလာပြီး ကားခေါင်းထဲကမြွေကို အချိန် မိနစ် ၂၀ လောက်ကြာ ဘေးမသီရန်မခ ဆွဲထုတ်ခဲ့ကြောင်း၊ အဲဒီမြွေမှာ တောကြီးမြွေဟောက် အမျိုးအစားဖြစ်ပြီး အရှည် ၅ မီတာရှည်ကြောင်း၊ သူ့ကိုဖမ်းဆီးစဉ် တချိန်လုံး ရန်မူသံပြုနေခဲ့တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အဲဒီမြွေကို လူသူမနီးတဲ့ သဘာဝတောထဲ သွားလွှတ်ပေးခဲ့တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up