ရန်ပုံငွေ ၅ ဘီလျံ

May 18, 2017

ရန်ပုံငွေ ၅ ဘီလျံကိစ္စ ဆက်လက်ဆောင်ရွက်နေဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော

  ရန်ပုံငွေ ၅ ဘီလျံကိစ္စ ရှေ့ဆက်ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သတင်းထွက်ပေါ်နေတဲ့ ရန်ပုံငွေ ၅ ဘီလျံကျော်နဲ့ပတ်သက်ပြီး ဒီကနေ့ မေလ ၁၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အပြီး ဝန်ကြီးချုပ်မန်းဂျော်နီကိုမေးမြန်းရာ ရှေ့ဆက်ကြိုးစား ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရဘူးလို့ဆိုပါတယ်။ “အဲဒါ အခုပြောလို့မရသေးပါဘူး အဲ့ဒါတွေ အခုရှေ့မှာဆက်ပြီးတော့ ကြိုးစားနေတယ်။ ဆက်ပြီးတော့လုပ်နေတယ် ဆက်ပြီးတော့လုပ်နေတာ ပြေလည်ဖြေရှင်းသွားပြီးတဲ့အခါကျမှပြော မယ် အခုလုံးဝမပြောသေးဘူး” လို့ ပြောပါတယ်။ အရင်အစိုးရဟောင်းဘက်ကတော့ သတင်းထွက်ပေါ်နေတဲ့ ရန်ပုံငွေကိစ္စအနေနဲ့ ရန်ပုံငွေ မဟုတ်ဘဲ ဖောင်ဒေးရှင်းငွေ ၅ ဒသမ ၂ ဘီလျံဖြစ်ပြီး ပြင်ပကရရှိတဲ့ငွေဖြစ်တဲ့အတွက် အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ အရင် ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းကိုကိုက ဖြေကြားထားပါတယ်။
4 years Ago
Up