ရန်ပုံငွေဂီတဖျော်ဖြေပွဲ

January 19, 2019

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုနှင့်ဗိမာန်ဖြစ်မြောက်ရေး ရန်ပုံငွေဂီတဖျော်ဖြေပွဲ လုပ်မည်

ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုနဲ့ ဗိမာန်တော်ဖြစ်မြောက်ဖို့ ရန်ပုံငွေဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်​ဖို့​ ဇန်နဝါရီ ၁၈ ရက်နေ့က မန္တ​လေး​တောင်​​ခြေရှိ စန္ဒာမုနိဘုရားအ​ရှေ့မုဒ်​ပရဝုဏ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်​ခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ဖြစ်​တဲ့ ဗိုလ်​ချုပ်​​အောင်​ဆန်း​ မွေးနေ့ Yadanarbon Event Park မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ လက်မှတ်ခတွေကို ကျပ် ၂၅ဝဝဝ၊ ၁၅ဝဝဝ၊ ၁ဝဝဝဝ၊ ၅ဝဝဝ ကျပ်နဲ့ ရောင်းချသွားမှာပါ။ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ဆစ်ရုပ်တုကို အမြင့် ၁၂ ပေ ထိုင်ခုံအမြင့် ၁ ပေ အောက်ခံခုံအမြင့် ၂ပေ စုစုပေါင်း အမြင့် ၁၅ ပေနဲ့ ထုဆစ်​သွားမှာဖြစ်ပြီး တန်ချိန် ၅၀ လောက်ရှိတဲ့​ တတုံးတည်းသော စကျင်ကျောက်တုံးနဲ့ ထုဆစ်သွားမှာလည်းဖြစ်ပါတယ်​။
2 years Ago
Up