ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ ရန်ကုန်တိုင်း ယာဉ်တိုက်မှုအတွင်း လူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပါတယ်။
နှစ်ကူးညမှာ မီးလောင်မှု ၂ ခုနဲ့ ခိုက်ရန်ဖြစ်ပွားမှု ၁ ခု ဖြစ်ခဲ့ပြီး လူသေဆုံးဒဏ်ရာရရှိခဲ့တဲ့ ယာဉ်တိုက်မှုတွေဟာ ရန်ကင်း၊ ကမာရွတ်၊ လှည်းကူး၊ ဗိုလ်တထောင်၊ အလုံနဲ့ မရမ်းကုန်းမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
ရန်ကုန်ရဲတပ်ဖွဲ့အနေနဲ့ လှည့်ကင်း ၀ပ်ကင်းတွေအပြင် အသစ်ရောက်နေတဲ့ ရဲကား ၄၅ စီးနဲ့ လုံခြုံရေး ပိုက်စိတ်တိုက်ယူခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
နှစ်သစ်ကူးည ဆင်နွှဲတဲ့ပြည်သူတွေအနေနဲ့ စည်းကမ်းရှိပြီး မူးယစ်ရမ်းကားမှု မရှိသလောက်ပဲလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုပါတယ်။
ရန်ကုန်မြို့မှာ နှစ်သစ်ကူးကြိုဆိုတဲ့ပွဲတွေကို ဒဂုံမြို့နယ်ရှိ မိုင်ဒါကွင်း၊ သုဝဏ္ဏအားကစားရုံရှေ့၊ ပြည်သူ့ရင်ပြင်နဲ့ တာမွေ အောင်ထိပ်တင် အားကစားကွင်းတွေမှာ စည်စည်းကားကား ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
7 years Ago