ရန်ကုန်-ပြည်ကားလမ်းဘေး

May 6, 2017

ရန်ကုန်-ပြည်ကားလမ်းဘေး ရေမြောင်းတွင် ဘုန်းကြီးတပါး ပျံလွန်တော်မူ

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ကျိုတ်စကိုင်းကျေးရွာအုပ်စု ရန်ကုန်-ပြည်ကားလမ်းဘေး မိုင်တိုင်အမှတ် ၅၂/၃ ရေမြောင်းထဲမှာ ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူနေကြောင်း တိုက်ကြီးမြို့မရဲစခန်းက ပြောပါတယ်။ အဆိုပါဘုန်းတော်ကြီးမှာ အုတ်ဖိုမြို့ အေးမြသာယာဓမ္မာရုံကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်ဓမ္မိက သက်တော် ၃၆ နှစ်၊ ၀ါတော် ၁၇ ဝါရှိပြီး တိုက်ကြီးမြို့နယ်ကို ရောက်ရှိနေတာကြာပြီဖြစ်ကြောင်း၊ စိတ်ပုံမှန်မဟုတ်ဘဲ လျှောက်သွားနေတာလို့ ဆိုပါတယ်။ သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းက အာဟာရချို့တဲ့ပြီး သေဆုံးတာလို့ ယူဆထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်ကို တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကို ပိုဆောင်စစ်ဆေးနေပြီး သေမှုသေခင်း အမှတ်စဉ်၁၃/၂၀၁၇ အရ ဒုရဲအုပ်သန်းမြတ်စိုးက ဆောင်ရွက်ထားကြောင်း ပြောပါတယ်။ သတင်း-မေသွယ် CJ
4 years Ago
Up