ရန်ကုန်-နေပြည်တော်လမ်းဟောင်းနှင့် လမ်းသစ် ရေ ၂ ပေကျော်၊ ဆွာချောင်းတံတား ၁ပေခွဲ နိမ့်ကျ

August 29, 2018

ရန်ကုန်-နေပြည်တော်လမ်းဟောင်းနှင့် လမ်းသစ် ရေ ၂ ပေကျော်၊ ဆွာချောင်းတံတား ၁ပေခွဲ နိမ့်ကျ

ရန်ကုန်-နေပြည်တော်လမ်းအပိုင်း လမ်းဟောင်းရော လမ်းသစ်မှာပါ ရေ ၂ ပေခန့် ကျော်နေပြီး ဆွာချောင်းတံတားလည်း ၁ပေခွဲလောက် နိမ်ကျသွားတယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ လမ်းသစ်မှာ မိုင်တိုင်အမှတ် (၁၆၅/၄) နဲ့ (၁၆၆/၀) ကြား(၄) ဖာလုံခန့်မှာ ဆွာချောင်း ရေလှောင်တမံ ဘက်က စီးဆင်းလာတဲ့ ရေများကြောင့် လမ်းပေါ် ရေကျော်နေတာလို့ ဆောက်လုပ်ရေးသတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) မှာ ရေကျော်နေတာဖြစ်ပြီး အဲ့ဒီလမ်းအပိုင်း နေရာတစ်ဝိုက်ကို ခေတ္တလမ်းပိတ်ထားပါတယ်။ ဓာတ်ပုံ - MOI
3 years Ago
Up