ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်

October 9, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ် ၁ စီးမီးလောင်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉/၃ မိုင်အနီးမှာ အောက်တိုဘာ ၈ ရက်နေ့ည ၈ နာရီလောက်က အိမ်စီးကားတစီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ချောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း ပြည်သစ်နိုင် တဦးတည်း မောင်းနှင်လာတဲ့ NISSAN TIIDA အမျိုးအစားယာဉ်ဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းရာ ကနေ ကားတစီးလုံးကို လောင်ကျွမ်းခဲ့တာပါ။ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "ကားကနေပြည်တော်ဘ ဘက်ကလာတာ၊ ယာဉ်ပေါ်မှာလည်း တယောက်တည်းပါတယ်။ ဝါယာရှော့ဖြစ်ပြီး လောင်တာပါ။ လူကို ထိခိုက်တာတော့ မရှိပါဘူး။ ကားကတော့ ၁ စီးလုံး လောင်သွားတယ်။ လက်ရှိမှာတော့ ယာဉ်မောင်းကို အရေးယူမှုတွေ ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်း ပြည်သစ်နိုင်ကို ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ နဲ့ မြို့ချောင်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)၊ ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
3 years Ago

December 25, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မိုင်နှုန်းပိုမောင်းသည့် ကား ၁၀၀ ကျော် ဖမ်းထား

  ခရစ္စမတ်အားလပ်ရက်ကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ သတ်မှတ်မိုင်နှုန်း ထက် ပိုမိုမောင်းနှင်တဲ့ ကားအစီးရေ ၁၀၀ ကျော် ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၃နဲ့   ၂၄ ရက်တို့မှာ ဖမ်းမိထားတာဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၂၀၁) နေပြည်တော် တိုးဂိတ်မှာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်တဲ့ မော်တော်ယာဉ် ၃၆ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်မှာ မော်တော်ယာဉ် ၂၂ စီး၊ တံတားဦး မြို့နယ် စကားအင်း တိုးဂိတ်မှာ မော်တော်ယာဉ် ၁၆ စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်မှာ မော်တော်ယာဉ် ၂၅ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်း တိုးဂိတ်မှာ မော်တော်ယာဉ် ၂ စီး၊ စုစုပေါင်း ၁၀၁ စီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အလားတူ  ရန်ကုန်-မန္တလေးအမြန်လမ်းမှာ  ခါးပတ်မပတ်တဲ့ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးခဲ့ပြီး ဖမ်းမိထားတဲ့ ကားတွေကို ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up