ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မှန်လုံယာဉ် တိမ်းမှောက်၊ ၁၃ ဦး ဒဏ်ရာရ

May 27, 2019

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၅ မှာ ဒီနေ့ နေ့လယ်ပိုင်းက လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကားတိုက်မိရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။ ဦးကျော်သိန်း စီးလာတဲ့ ဆိုင်ကယ်က အမြန်လမ်းမကြီးကို ဖြတ်ကူးချိန် နေပြည်တော်ကနေ မန္တလေးဘက်ကို မချောစုလွင် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ဆိုင်ကယ်စီးလာသူ ဦးကျော်သိန်း သေဆုံးခဲ့ပြီး ကားပေါ်ပါ ၄ ဦးအနက် အမျိုးသမီးတဦးနဲ့ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပေပင်လေးအမြန်လမ်းရဲစခန်း စခန်းမှူးက “ဆိုင်ကယ်စီးလာသူကတော့ အခင်းဖြစ် နေရာတင် သေဆုံးသွားတယ်။ အမြန်လမ်းပေါ် ဆိုင်ကယ်စီးခွင့်မရှိပါဘူး။ ကားငယ်ပေါ်က ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆိုင်ကယ်စီးပြီး လမ်းဖြတ်ကူးသူ ဦးကျော်သိန်းကို ပေပင်လေးအမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-192 အလည်ရွာ ပရဟိတအဖွဲ့
3 years Ago

May 20, 2018

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေးဝဲယာမှ ကျူးကျော် ၂၉ ဆိုင်ကို ဖယ်ရှား

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းဘေးဝဲ-ယာမှာ ကျူးကျော်ဆောက်လုပ်နေထိုင်တဲ့ ဈေးဆိုင် ၂၉ ဆိုင်ကို ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းမှာ ဖော်ပြပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျောက် လမ်းဘေးဝဲ-ယာမှာ တရားမဝင် လူနေ ဈေးဆိုင်တွေ ဆောက်လုပ်နေထိုင်ရောင်းချနေမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာများဖြစ်ပွားလာနိုင်တယ်၊ အမြန်လမ်းမကြီးအား အသုံးပြုပြီး သွားလာနေတဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် အခုလို ဖယ်ရှားခဲ့တာလို့ ဆိုပါတယ်။ တရားမဝင် ကျူးကျာ်ဆောက်လုပ်နေထိုင်နေတဲ့ လူနေဈေးဆိုင် ၅၁ ဆိုင်ရှိတဲ့အနက် ၂၉ ဆိုင်မှာ ရှင်းလင်းဖယ်ရှားခဲ့ပြီး ကျန် ၂၂ ဆိုင်အား အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာနက ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
4 years Ago
More News
Up