ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အိမ်စီးကားနှင့် ဆိုင်ကယ်တိုက်၊ ၁ ဦးသေ

July 15, 2019

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၇၇/၆ နဲ့ ၇အကြား ၀မ်းတွင်းမြို့နယ်၊ ရွှေကူရွာအနီးမှာ ဇူလိုင် ၁၃ ရက်နေ့က လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး ၂ဦးကို ယာဉ် တိုက်မိလို့ ၁ ဦးသေဆုံးပြီး  ၁ ဦးဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ မန္တလေးဘက်ကို မောင်းလာတဲ့ MITSUBISHI TRITON အမျိုးအစား အနက်ရောင် ပစ်ကပ်ကားကို မောင်းနှင်လာတဲ့ ယာဉ်မောင်း အောင်ကျော်မျိုး(၃၉နှစ်) အိပ်ငိုက်သွားရာက ကားက လမ်းညာဘက်ဘေးကို ထိုးကျသွားခဲ့တာပါ။ လမ်းညာဘက်ဘေး မြေသားလမ်းပေါ် ဆော့ကစားနေကြတဲ့  ၃တန်းကျောင်းသူ မပူစူးမ(၉နှစ်)နဲ့ မောင်ကောင်းထက်(၄နှစ်)တို့ကို ကားဖြင့်တိုက်မိရာ မောင်ကောင်းထက်ကတော့ နေရာတင်သေဆုံးခဲ့ပြီး မပူစူးမကတော့ ဒဏ်ရာရသွားတယ်လို့ ရွှေတောင်ရွာရဲ စခန်းဒုရဲအုပ်ကျော်စွာဟိန်းကပြောပါတယ်။  "ကားက မြေသားလမ်းပေါ် ရောက်သွားတယ် အဲမြေသား လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး၂ယောက်ကို တိုက်မိတာ ကလေး ၁ဦးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ် ၁ဦးကတော့ ဒဏ်ရာရတယ် ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။ ဒေသခံဦးကျော်က"ကားသမား ခရီးအတော်ပန်းလာပုံရတယ်။ ကားမောင်းရင်း အိပ်ငိုက်သွားတယ်တဲ့ ကားကတစောင်းကြီး ပြေးလာပြီး ကလေးတွေကို တိုက်မိသွားတယ်။ ကျောက်ပုံခံနေတော့ ကားရပ်သွားတယ်"လို့ပြောပါတယ်။ ယာဉ်မောင်း အောင်ကျော်မျိုးကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ နဲ့   ရွှေတောင်ရွာရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago

June 30, 2019

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် မြင်းလှည်းအား ၆ ဘီးကား ဝင်တိုက်၊ ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၈၀/၃ နှင့် ၄ အကြား ဝမ်းတွင်းမြို့နယ် ကိုင်းရွာအနီး ကိုင်းတံတားပေါ်မှာ ဇွန်လ ၂၈ ရက် ညနေက မြင်းလှည်းတစီးကို ၆ ဘီးကား ဝင်တိုက်တာကြောင့် အသက် ၇၀ အရွယ် အဖိုး ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက "အဖိုး ၁ ဦး နေမကောင်းလို့ ကူမဲမြို့က ဆေးခန်းသွားပြတာပါ။ ၆ ဘီးကားက ဘရိတ်ပေါက်ပြီး ဝင်တိုက်တယ်။ အဖိုး ၁ ဦးကတော့ ကျောက်ဆည်ဆေးရုံပို့နေတုန်း လမ်းမှာပဲသေဆုံးသွားတယ်။ ကျန် ၃ ဦးကတော့ ဒဏ်ရာရ သွားတယ်။ ဝမ်းတွင်းဆေးရုံနဲ့ ကျောက်ဆည်ဆေးရုံ တွေမှာ ဆေးကုနေတယ်။ မစိုးရိမ်ရပါဘူး" လို့ ပြောပါတယ်။ သေဆုံးသွားသူကတော့ အသက် ၇၀ အရွယ် အဖိုး ဦးအောင်သန်းဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံကိုကျော်စိန်က "မြင်းလှည်းပေါ်မှာ အသက် ၇၀ အဖိုး အဖွား ၄ ဦးပါတယ်။ နောက်ကနေ ဝက်တိုက်တာ မြင်းလှည်းကတော့ မှောက်သွားတယ်။ အဖိုးအဖွားတွေချည်း ဖြစ်သွားတာ စိတ်မကောင်းစရာပါ"လို့ ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းမှာ ၆ ဘီးကား ယာဉ်မောင်း ဇော်မင်းနောင်ကို ယာဉ်မဆင်မခြင် မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
More News
Up