ရန်ကုန် ဒုမြို့တော်ဝန်အဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ် ဦးစိုးလွင်ကို ရွေးချယ်

April 8, 2019

ရန်ကုန် ဒုမြို့တော်ဝန်အဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ် ဦးစိုးလွင်ကို ရွေးချယ်

ရန်ကုန်မြို့တော် စည်ပင်သာယာ ဒုတိယမြို့တော်ဝန်အနေနဲ့ မဲဆန္ဒနယ် ၃ က အရွေးခံရတဲ့ ဦးစိုးလွင်ကို ရွေးချယ်လိုက်ပါတယ်။ ဒီနေ့ ဧပြီ ၈ ရက်နေ့က မြို့တော်ခန်းမ အစည်းအဝေးခန်းမ ၁ မှာ ကော်မတီဝင်တွေက မဲပေးရွေးချယ်လိုက်တာပါ။ အခု ရွေးချယ်ခံရတဲ့ ဦးစိုးလွင်ဟာ ဦးအောင်ခန့်၊ ဒေါ်ထက်ထက်ထွန်း၊ ဦးခင်လှိုင် (ဇောတိက) တို့ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၀ ဦးဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် ၃ မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် အရွေးချယ်ခံပြီး အနိုင်ရခဲ့သူပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ ကော်မတီအဆင့် ၆ ဦးနဲ့ မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း စည်ပင်ကိုယ်စားလှယ် ၁၀၅ ဦးကို မတ်လ ၃၁ ရက်နေ့က ရွေးချယ်ခဲ့တာပါ။ ဒီထဲမှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၈၉ ဦး ပါဝင်ပါတယ်။ မြို့နယ်အဆင့် ရွေးကောက်ခံ ကိုယ်စားလှယ် ၉၉ ဦးထဲမှာ တသီးပုဂ္ဂလ ရွေးချယ်ခံရသူ ၁၆ ဦး ပါဝင်ပြီး ကော်မတီဝင် ၆ ဦးကတော့ အန်အယ်လ်ဒီပါတီကဖြစ်ပါတယ်။
3 years Ago
Up