ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကျင်းပ

October 15, 2018

ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကျင်းပ  

နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် မျက်မမြင်လမ်း လျှောက်ပွဲကို ဒီကနေ့မနက်က  ရန်ကုန်မြို့မှာကျင်းပခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ်အဖြစ် (၂၇) ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကို မနက် ၆ နာရီက ကျင်းပခဲ့တာပါ။ အဲ့ဒီလမ်းလျှောက်ပွဲကို မြို့တော်ခန်းမရှေ့ကနေတာလွှတ်ပြီး ကုန်သည်လမ်းနဲ့ ကမ်းနားလမ်းတစ်လျှောက်၊ ဘုန်းကြီးလမ်းကတဆင့် မဟာဗန္ဓုလလမ်းတလျှောက် စုပေါင်းလမ်းလျှောက်ကြပြီး မြို့တော်ခန်းမမှာ ပြန်လည်ပန်းဝင်ကြပါတယ်။ လမ်းလျှောက်ပွဲကို ရန်ကုန်မြို့အပြင် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မျက်မမြင်ကျောင်းတွေ၊ မျက်မမြင်အကြောပြင်က အနှိပ်ဆရာတွေနဲ့ အသင်းအဖွဲ့ ၂၈ ဖွဲ့က ပါဝင်လမ်းလျှောက်ခဲ့ကြတာပါ။ မျက်မမြင်လမ်းလျှောက်ပွဲမှာ  ပြိုင်ပွဲဝင် အမျိုးသား ၈၆၆ ဦး၊ အမျိုးသမီး ၄၇၉  ဦး စုစုပေါင်း ၁၃၄၅ ဦးနဲ့ အကူ ၄၇၆ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဓာတ်ပုံ - မြို့တော်ဝန် ဦးမောင်မောင်စိုး
3 years Ago
Up