ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကြက်သားစားပွဲတော်ကို ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ် နေပါတယ်။
တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ကြက်သားစားလို့ ကြက်ငှက်တုပ်ကွေး ဖြစ်တယ်ဆိုတဲ့ အသိဟာလုံးဝမှားယွင်းနေပြီး ကြက်သားကြက်ဥမစားရင် အဟာရ မပြည့်ဝနိုင်ဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နဲ့ အသားတိုးကြက်၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းတို့ ပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေနဲ့ သတင်းမီဒီယာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
5 years Ago