ရန်ကုန်မြို့ အမှိုက်သိမ်းခ တိုးမြင့်မှု ၈၀ ရာခိုင်နှုန်းကျော် ကန့်ကွက်

July 18, 2015

ရန်ကုန်မြို့ မြေအောက်ပိုက်လိုင်း လုပ်ငန်းခွင်မြင်ကွင်း

မြို့ထဲနဲ့မြို့ပြင် ယာဉ်အသွားအလာများပြီး မနက်နဲ့ညနေတိုင်း ကားကျပ်လေ့ရှိတဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်က မြေအောက်ပိုက်လိုင်း လုပ်ငန်းခွင် မြင်ကွင်းများ။  
6 years Ago

June 14, 2015

ရန်ကုန်မြို့ အမှိုက်သိမ်းခ တိုးမြှင့်မှု ၈၀ ရာခိုင်နှုန်းကျော် ကန့်ကွက်

ရန်ကုန်မြို့ရဲ့ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပေးပြီးနောက် အမှိုက်သိမ်းခ တိုးမြှင့်တဲ့ အစီအစဉ်ကို လူထုသဘောထားကောက်ခံရာမှာ ၈၀ ရာခိုင်နှုန်းကျော်က သဘောမတူကြောင်း ရန်ကုန်မြို့တော် စည်ပင်က သတင်းထုတ်ပြန်ပါတယ်။ စည်ပင်အနေနဲ့ အမှိုက်သိမ်းလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် တင်ဒါခေါ်ယူပြီးနောက်ပိုင်း ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက တင်ဒါအောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုက လုပ်ကိုင်ခွင့်အရ လက်ရှိစည်ပင်က သန့်ရှင်းရေးခ ကောက်ခံတဲ့ နှုန်းထားထက် ငွေကျပ် ၁၀၀၀ ပိုများတာကြောင့် လူထုက သဘောမတူတာလို့ စည်ပင်သန့်ရှင်းရေးဌာန၊ တာဝန်ရှိသူက ပြောပါတယ်။ မြို့တော်စည်ပင်က လက်ရှိကောက်ခံနေတဲ့ သန့်ရှင်းရေးခက ၁ လကို  ကျပ် ၆၀၀ ဖြစ်ပြီး၊ ပုဂ္ဂလိကကုမ္ပဏီတွေက ကောက်ခံရင် ၁ လကို ၁၆၀၀ ကျပ်ဖြစ်ပါတယ်။
6 years Ago
Up