ရန်ကုန်မြို့လယ် Junction City တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်လေ့ကျင့်

May 16, 2019

ရန်ကုန်မြို့လယ် Junction City တွင် မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်လေ့ကျင့်

ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်ရှိ Junction City မှာ ဒီနေ့ မနက် ၉ နာရီခွဲကနေ ၁၀ နာရီခွဲအထိ မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်လေ့ကျင့်နေကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးအန္တရာယ်ကာကွယ်ရေးနဲ့ အရေးပေါ် အခြေအနေတွေမှာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး မီးငြှိမ်းသတ်ယာဉ်တွေ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေ အသုံးပြုပြီး သန္ဓေနဲ့ သီးသန့်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး Fire Drill ပြုလုပ်နေတာပါ။ ပြည်သူလူထုအနေနဲ့ အထိတ်တလန့်မဖြစ်ပွားစေရေးအတွက် ကြိုတင်အသိပေး အပ်ပါတယ်လို့ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့ ဖေ့ဘွတ်ခ် စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
2 years Ago
Up