ရန်ကုန်မြို့တွင် ကျင်းပ

A d v e r t i s e m e n t With Us

September 28, 2017

ဂေါ်ရဂါးလူမျိုးများ၏ ဒါဆာဟာရာပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ

ဂေါ်ရဂါးလူမျိုးတွေရဲ့  ဒါဆာဟာရာပွဲတော်ကို စက်တင်ဘာ ၂၇ ရက်နေ့ ညက ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ဒါဆာဟာရာပွဲတော် ဆိုတာ ရာမ လက္ခဏက ဒဿဂီရိကို အောင်နိုင်တဲ့ပွဲလို့ အစွဲပြုပြီး မကောင်းမှုက ကောင်းမှုကို အောင်နိုင်တယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ ဓလေ့ထုံးတမ်းအရ ကျင်းပကြတာ ဖြစ်ပါတယ်။ ဒီလိုနေ့ဆိုရင် ဂေါ်ရဂါးလူမျိုးတွေ လူကြီးသူမကို အရိုအသေပြုတာ ကခုန်တီးမှုတ်တာ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာမုန့်တွေ စားတာ စတဲ့ အလေ့အထတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ အရင်နှစ်တွေက ဘုရားကျောင်းမှာပဲ ပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဘာသာရေး ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို ဖိတ်ကြားပြီး ခမ်းနားစွာ ကျင်းပတာ ဖြစ်ပါတယ်။
3 years Ago

March 11, 2017

ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ချင်းသမိုင်းဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ချင်းအေဂျင်စီရုံးမှာ မတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အောက်ချင်းစာပေတိုက်က ထုတ်ဝေတဲ့ အရှိုချင်းသမိုင်းစာအုပ်ကို မိတ်ဆက်ပြီး မြေပြန့်အရှိုချင်းသမိုင်းနဲ့ ဆက်နွှယ်နေတဲ့ ရခိုင်ပြည်နယ်ဘက်ကချင်း လူမျိုးတွေ၊ တောင်ပေါ်ချင်းလူမျိုးတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အဲဒီစာအုပ်ရေးသားထားသူ ကိုယ်တိုင် ဆလိုင်းဒါဝိဒ်က ဆွေးနွေးခဲ့ပါတယ်။
4 years Ago
Up