ရန်ကုန်မြစ်ဝမှာ ကျောက်ချရပ်နားထားတဲ့ ဗီယက်နမ်ကုန်တင်ရေယာဉ် M.V Thein Phu Silver ဟာ ကျောက်မျောပြီး အနီးမှာရပ်ထားတဲ့ ဆီတင်ရေယာဉ် MT Ocean Osprey ကို ၀င်တိုက်ခဲ့ပါတယ်။
ဇန်န၀ါရီ ၂၅ ရက် မနက် ၁ နာရီလောက်က ဖြစ်ပွားခဲ့ပြီး ၀င်တိုက်ခဲ့တဲ့ ဗီယက်နမ် ကုန်တင်ရေယာဉ် နစ်မြုပ်ခဲ့လို့ အဲဒီသင်္ဘောပေါ်က ရေယာဉ်အမှုထမ်းတွေကို ဆီတင်ရေယာဉ် MT Ocean Osprey က ကယ်ဆယ်ထားတယ်လို့ မြန်မာ့တပ်မတော်-ရေက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက် ဗီယက်နမ်ကုန်တင်ရေယာဉ် နစ်မြုပ်ရာနေရာနဲ့ မိုင် ၃၀ ခန့်အကွာမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ရေမှ စစ်ရေယာဉ် ၅၅၇ က ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်တင်ထားတဲ့ ဗီယက်နမ်လူမျိုး ရေယာဉ်အမှုထမ်း ၁၄ ဦးကို နန်းသီတာဆိပ်ကမ်းထိ ပို့ဆောင်ပေးခဲ့ပါတယ်။
သတင်းဓာတ်ပုံ - တပ်မတော်-ရေ
7 years Ago