ရန်ကုန်လေဆိပ်တွင်

September 29, 2017

ရန်ကုန်လေဆိပ်တွင် မြူနှင်းများထူထပ်စွာကျသဖြင့်လေကြောင်းခရီးစဉ်များရွှေ့ဆိုင်း

ရန်ကုန်လေဆိပ်မှာ  စက်တင်ဘာ ၂၉ ရက်မနက်က မြူနှင်းတွေ ထူထပ်စွာကျနေတာကြောင့် ရန်ကုန်မြို့ကနေ မန္တလေး၊ ဟဲဟိုး၊ ကော့သောင်း၊ စစ်တွေစတဲ့မြို့တွေကို ထွက်ခွာမယ့် လေကြောင်းလိုင်း အသီးသီးက ခရီးစဉ်တွေ နောက်ကျမယ်လို့ ကြေညာထားပါတယ်။ လေဆိပ်ထဲကနေ လေယာဉ်ပြေးလမ်းပေါ်ကို ဘာမှမမြင်ရလောက်အောင် နှင်းထုက ပိတ်နေတာကိုမြင်တွေ့ရပါတယ်။ လေယာဉ်ထွက်ခွာချိန်တွေ ဘယ်လောက်အထိ နောက်ကျမယ်ဆိုတာကို လေကြောင်းလိုင်း တာဝန်ရှိသူတွေက အတိအကျမပြောနိုင်သေးဘဲ အနည်းဆုံး ၂နာရီလောက်နောက်ကျနိုင်တယ်လို့ ခန့်မှန်းပြောကြားထားပါတယ်။ ဒီကနေ့မနက်ပိုင်း ရန်ကုန်လေဆိပ်ကနေထွက်ခွာမယ့် ပြည်တွင်းခရီးစဉ် ၇ ခုရှိနေပါတယ်။ ဓာတ်ပုံ-ကျော်သက်မင်း
4 years Ago

August 3, 2017

ရန်ကုန်လေဆိပ်တွင် အမျိုးသမီး ၃ ဦးထံမှ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသမီး ၃ ဦးဆီက ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၁ ရက်နေ့က ရန်ကုန်လေဆိပ်မှ မူးယစ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal(2) ပြည်ပထွက်ခွာ X- Ray စက်မှာ China Air လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ တိုင်ပေကို လိုက်ပါမယ့် မရန်စိုက်ချင်၊ မလီးဟွေလီ နဲ့ မလှရီ တို့အား ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ မရန်စိုက်ချင်ထံမှ ဘိန်းဖြူ ၃၅၅ ဂရမ် နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလီးဟွေလီထံမှ ဘိန်းဖြူ ၂၈၀ ဂရမ်နဲ့ လက်ကိုင်ဖုန်းတလုံး၊ မလှရီထံမှ လက်ကိုင်ဖုန်းနှစ်လုံးနဲ့ အမျိုးသမီးအိမ်သာထဲ အမှိုက်ခြင်းအတွင်း လွှင့်ပစ်ခဲ့တဲ့ ဘိန်းဖြူ ၃၆၅ ဂရမ်တို့ကို ဖမ်းဆီးမိခဲ့တာပါ။ သူတို့သုံးဦးအား မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
4 years Ago
Up