ရန်ကုန်လေဆိပ်

June 27, 2019

ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိ၊ တရားခံ ၆ ဦးကို ဖမ်းဆီးအရေးယူ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဟောင်ကောင်ကိုပို့မယ့် မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိပြီး နီပေါနိုင်ငံသားတဦး အပါအဝင် ကွင်းဆက်တရားခံ ၆ ဦးကို ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၃ ရက် မနက် ၁ နာရီခွဲလောက်က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာမယ့် Cathay Dragon လေကြောင်းလိုင်းနဲ့ ဟောင်ကောင်လေဆိပ်သို့ လိုက်ပါမယ့် ဝမ်းတွင်းမြို့နယ်နေ ဝင်းသူနိုင်ရဲ့ ခရီးဆောင်အိတ်ကို X-Ray ဖြတ်သန်း စစ်ဆေးစဉ် အိတ်ထဲကနေ ဘိန်းဖြူ ၂၀၀၀ ဂရမ် စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်ချက်အရ ဝင်းသူနိုင်ဟာ ကျောင်းနေဘက်သူငယ်ချင်းဖြစ်တဲ့ ကျိုင်းတုံမြို့နေ ရဲမင်းရဲ့ မိတ်ဆက်ပေးမှုနဲ့ လေယာဉ်မောင်ဟောင်း လှကြိုင်နဲ့ ခင်မင်ရင်းနှီးခဲ့ကာ ဘိန်းဖြူတွေကို လှကြိုင်က ရန်ကုန်လေဆိပ်ကို လာရောက်ပေးပို့ပြီး ဟောင်ကောင်သို့ ဆက်လက် ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာအိမ်ရာဝင်းရှိ လှကြိုင် ခေတ္တတည်းခိုနေထိုင်ရာ နေအိမ်ကို ဆက်လက်စစ်ဆေးရှာဖွေရာ လှကြိုင်ကို ICE ၁၈၀၀ ဂရမ်နဲ့ ရန်ကုန်လေဆိပ်သို့ Cabin Crew တာဝန်နဲ့ ဝင်/ထွက်ခွင့်ကတ်ပြား ၁ ခု၊ လှကြိုင်အမည်ပါ ပတ်စ်ပို့စာအုပ် ၃ အုပ်၊ ဝါဝါအိရွှေ (ခ) ရှန်ဖ အမည်ပါ ပတ်စ်ပို့စာအုပ် ၁ အုပ်၊ 4Q/×××× Nissan Sunny မော်တော်ယာဉ် ၁ စီးတို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ကွင်းဆက် ထပ်မံဖော်ထုတ်ချက်အရ ဝါဝါအိရွှေ (ခ) ရှန်ဖ (၂၆ နှစ်) ကို သူတည်းခိုနေထိုင်နေတဲ့ ဗဟန်းမြို့နယ်ရှိ Royal Platinum ဟိုတယ်၊ အခန်း (၃၀၃) သို့ စစ်ဆေးရှာဖွေရာ သူနဲ့အတူ ယွန်းဟေမာန် (၂၄) နှစ်ကို တွေ့ရှိပြီး အခန်းထဲက ပလတ်စတစ်အိတ်နဲ့ ထည့်ထားတဲ့ ICE ၀ ဒသမ ၄ ဂရမ်၊ ကတ်တမင်းအမှုန့် ၅ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွင်းဆက်တရားခံတဦးဖြစ်တဲ့ ရဲမင်းဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက Cathay Dragon လေကြောင်းလိုင်းနဲ့ ဟောင်ကောင်သို့ ကြိုတင်ထွက်ခွာသွားခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့က ဟောင်ကောင်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဝင်ရောက်လာလို့ စိစစ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းချပေးဖို့ ခိုင်းစေစီစဉ်သူဟာ မြန်မာနိုင်ငံသို့ ခေတ္တလာရောက်တဲ့ နီပေါနိုင်ငံသား Mr. AashishGurung (၃၇ နှစ်) ဖြစ်ကြောင်း သိရှိရလို့ ဗဟန်းမြို့နယ်ရှိ Platinum Square ဟိုတယ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဲဒီ မူးယစ်မှောင်ခိုသမားတွေဟာ အချင်းချင်း ချိတ်ဆက်ပြီး မူးယစ်ဆေးဝါးတွေကို  တာချီလိတ်ကတဆင့် ဝယ်ယူပြီး ရန်ကုန်သို့သယ်ဆောင်ကာ ရန်ကုန်မှတဆင့် ဟောင်ကောင်သို့ ပို့ဆောင်ခဲ့တာလို့ ရဲသတင်းအရ သိရပါတယ်။ လတ်တလော ဖမ်းဆီးရမိထားတဲ့ ဝင်းသူနိုင်၊ လှကြိုင်၊ ဝါဝါအိရွှေ (ခ) ရှန်ဖ၊ ယွန်းဟေမန်၊ ရဲမင်းနဲ့ Mr. AashishGurung တို့ ၆ ဦးကို မင်္ဂလာဒုံမြို့မရဲစခန်းနဲ့ ဗဟန်းမြို့မရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့် အရေးယူထားပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ လက်ကြီးသမားတွေကို ဖမ်းဆီးရမိဖို့အတွက် ပြည်သူတွေအနေနဲ့ သတင်းပေး တိုင်ကြားပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ တိုက်တွန်းပြောကြားထားပါတယ်။ မြန်မာနိုင်ငံမှာ ပမာဏကြီးစွာနဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနိုင်ဖို့အတွက် သတင်းရရှိမှု နည်းပါးနေသေးတယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားထားပါတယ်။
4 years Ago

May 23, 2019

ပြည်ထဲရေးဒုဝန်ကြီး ရန်ကုန်လေဆိပ်လုံခြုံရေး စစ်ဆေး

ပြည်ထဲရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို လိုက်လံစစ်ဆေးခဲ့ပြီး လုံခြုံရေး မကျိုးပေါက်အောင် ဆောက်ရွက်ကြဖို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးဆောင်ရွက်နေမှုနဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုတွေကို လိုက်လံ စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေ၊ လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌနဲ့ လေဆိပ်တာဝန်ရှိသူများ၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ Yangon Areodrome Co.,Lid .မှ တာဝန်ရှိသူတွေက လိုက်လံရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြည်ထဲရေးဒုတိယဝန်ကြီးက လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေး၊ ခရီးသည်တွေ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး၊ လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လေဆိပ် ဝန်ဆောင်မှုကုမ္ပဏီတို့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
4 years Ago
More News
Up