ရန်ကုန်အစိုးရ

October 29, 2018

Great Well စက်ရုံလုပ်သားများ ရန်ကုန်အစိုးရရုံးရှေ့ သပိတ်စခန်းဖွင့်ရန်ချီတက်လာ

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတဲ့ ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ Great Well စက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့မှာ သပိတ်စခန်းဖွင့်ဖို့  ဒီနေ့မနက်က ချီတက်လာပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေမရရှိသေးတဲ့အတွက် အစိုးရအဖွဲ့ရုံးရှေ့မှာ သွားရောက် သပိတ်စခန်းဖွင့်ဖို့ ချီတက်လာတာလို့ Great Well ဖိနပ်စက်ရုံ အလုပ်သမား ခေါင်းဆောင် ကိုဇော်မင်းသိန်းက ဒီဗွီဘီကို ပြောပါတယ်။ “၀န်ကြီးပြီးခဲ့တဲ့တပတ်က ကတိပေးထားပေမယ့် ခုထိ မထူးခြားသေးတဲ့အတွက် စက်ရုံရှေ့က သပိတ်စခန်းကို ပိတ်ပြီး ချီတက်လာတာပါ။ သပိတ်စခန်းဖွင့်ဖို့ကို ရည်ရွယ်ထားပါတယ်။” Great Well ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ အောက်တိုဘာ ၂ ရက်က စပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်ကလည်း ရန်ကုန်တိုင်းအစိုးရရုံးကို လာရောက်ကာ  ရန်ကုန်တိုင်း အစိုးရ ရခိုင်တိုင်းရင်းသားရေးရာနဲ့ အလုပ်သမား ဝန်ကြီး ဦးဇော်အေးမောင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ အလုပ်သမားတွေရဲ့ လုပ်အားခ ၃လစာပြန်ရဖို့နဲ့ လုပ်ငန်းရှင်ကို တရားစွဲဖို့ ဆောင်ရွက်ပေးမယ်လို့ ၀န်ကြီး ဦးဇော်အေးမောင်က ကတိပြုလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Great Well ဖိနပ်စက်ရုံမှာ အလုပ်သမားတွေကို ၂၀၁၈ ဇူလိုင်လက စပြီး ရာထူးလျှော့၊ နေရာပြောင်း၊ လစာလျှော့ချတာတွေကြောင့် အငြင်းပွားမှုစတင်ခဲ့ပြီး အလုပ်သမားတွေကို အလုပ်ရှင်က စက်ရုံထဲ ဝင်ခွင့် မပြုတော့ဘူးလို့ သိရပါတယ် စက်ရုံဘက်က အလုပ်သမားတွေကို အလုပ်ဖြုတ်တယ်လို့ မကြေညာထားသလို လစာလဲ မပေးတာကြောင့်လက်ရှိမှာ စားဝတ်နေရေး၊ကျန်းမာရေး၊အခက်ခဲတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ Great Well ဖိနပ်စက်ရုံ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး  အလုပ်သမား ၃၀၀ လောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ အလားတူ ရက်​​ပေါင်း၆၀​ကျော်​ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ ဖုယွင်စက်ရုံက အလုပ်​သမား​တွေကလည်း ဒီကနေ့မနက်  ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံဖို့ မဟာဗန္ဓုလပန်းခြံက​နေ တိုင်းအစိုးရအဖွဲ့ရုံးကို လမ်းလျှောက်​ချီ တက်​ခဲ့ ကြပါတယ်​​။
2 years Ago

October 6, 2018

ရန်ကုန်အစိုးရက ကုမ္ပဏီများ၌ ထည့်ထားသည့် ကျပ် ၁၃၄ ဘီလီယံကို စစ်ဆေးပေးနိုင်ဟု စာရင်းစစ်ချုပ်ပြော

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကုမ္ပဏီတွေမှာ ထည့်ဝင်ထားတဲ့ ကျပ် ၁၃၄ ဘီလီယံကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေနဲ့ အညီ လွှတ်တော်က တာဝန်ပေးအပ်လာပါက အသေးစိတ် စစ်ဆေးပေးနိုင်တယ်လို့  ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောပါတယ်။ ဆိပ်ကြီးခနောင်တိုအမတ် ဒေါ်စန္ဒာမင်းရဲ့ ရန်ကုန်တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံထားတဲ့ ကျပ် ၁၃၄ ဘီလီယံကိစ္စကို  စစ်ဆေးပေးဖို့ ရန်ကုန်တိုင်း လွှတ်တော်မှာ အောက်တိုဘာ ၄ ရက်က ဆွေးနွေးခဲ့တဲ့အပေါ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်က ဖြေကြားသွားတာပါ။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အနေနဲ့  Yangon Matropoliton Development ကုမ္ပဏီမှာ ၅၄ ဘီလီယံ၊ New Yangon Development ကုမ္ပဏီမှာ ၁၀ ဘီလီယံနဲ့ YBS ကုမ္ပဏီ၂ခုမှာ ၇၀ ဘီလီယံ ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး  ပြင်ပစာရင်းစစ်အဖွဲ့အနေနဲ့ စစ်ဆေးထားတယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေရှိချက်အစီရင်ခံစာကို တိုင်းစာရင်းစစ်ချုပ်က ရန်ကုန်တိုင်းလွှတ်တော်မှာ စက်တင်ဘာ ၁၄ရက်က ရှင်းလင်းတင်ပြခဲ့ပြီး ပြည်သူ့ ငွေစာရင်းကော်မတီက လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းတာနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးအကြံပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ- Ygnhluttaw
3 years Ago

ကျောင်းကားဝယ်ရန် ချေးထားသည့် ကျပ် ၅.၅ဘီလီယံကိစ္စ ရန်ကုန်အစိုးရမဖြေကြားနိုင်သေး

ကျောင်းကားတွေ ဝယ်ယူဖို့ ချေးယူထားတဲ့ ကျပ် ၅.၅ဘီလီယံနဲ့ ပက်သက်လို့ ရန်ကုန်တိုင်းအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဘယ်သူက ချေးထားတယ်ဆိုတာ ဘဏ္ဍာရေး တာဝန်ခံကို မေးမြန်းပြီးမှ  ပြန်လည်ဖြေကြားနိုင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကိုကိုးကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းရဲ့ မေးမြန်းချက်ကို ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဖြေကြားသွားတာပါ။ လွှတ်တော်မှတ်တမ်းတွေအရ ကျောင်းကားတွေ ဝယ်ယူဖို့ ရွှေလက်ကုမ္ပဏီက ကျပ်၅.၅.ဘီလီယံ ပါဝင်တယ်လို့သိရပြီး  စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ကမ္ဘောဇဘဏ်က ချေးငှားတယ်လို့ ဖော်ပြထားတဲ့အတွက် ကွဲလွဲချက်တွေရှိနေတယ်လို့ လွှတ်တော်အမတ် ဦးတင်ဝင်းက ပြောပါတယ်။ ဒီကိစ္စကို လတ်တလော မဖြေကြားနိုင်သေးဘဲ ဘဏ္ဍာရေးတာဝန်ခံကို မေးမြန်းပြီးမှ ပြန်လည်ဖြေကြားနိုင်မယ်လို့   ဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။ အခုလို ဝန်ကြီးရဲ့ ဖြေကြားချက်တွေဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနဲ့ လွဲနေတယ်လို့ ဒဂုံမြို့နယ်  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထောက်ပြပါတယ်။ ဝယ်ယူထားတဲ့  School Bus ကျောင်းကြိုပို့ကား  အစီး (၂၀၀)ထဲက ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းကမာရွတ်မှာ (၂၉)စီး၊ ပညာရေးကော လိပ် လေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်းမှာ (၂၇)စီး၊ စုစုပေါင်း (၅၆)စီးနဲ့ ကျောင်းသား ကျောင်းသူ ၁၀၄၇ဦးအတွက် ပြေးဆွဲပေးနေပါတယ်။ အရန်ယာဉ်အနေနဲ့ ၉ စီးထားရှိပြီး နေရာ သတ်မှတ်ချက်အရ တခြား ကျောင်းတွေကိုတော့ ပြေးဆွဲပေးနိုင်ခြင်း မရှိသေးဘူးလို့  ၀န်ကြီးက ဆိုပါတယ်။ ကျောင်းကား အစီး ၂၀၀ ကို ၂၀၁၇ ကျောင်းဖွင့်ရာသီ မတိုင်ခင် ဝယ်ယူခဲ့တာဖြစ်ပြီး မထသရဲ့ လွှဲပြောင်းငွေထဲက ကျပ်၅ ဘီလီယံ အပါအဝင် ကျပ် ၁၀.၅ဘီလီယံနဲ့  ဝယ်ယူခဲ့တာပါ။ ဓာတ်ပုံ-TTC
3 years Ago
Up