ရန်ကုန်အကယ်ဒမီကျောင်း

February 17, 2017

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်အကယ်ဒမီကျောင်းဖွင့်ပွဲ လာရောက်

  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ဒီနေ့ ရန်ကုန်ကိုရောက်ရှိလာပြီး အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။ သူဟာ ဒီနေ့ညနေပိုင်းပြုလုပ်မယ့် ဘောလုံးအကယ်ဒမီဖွင့်ပွဲအခန်းအနားကို တက်ရောက်အားပေးပြီး ဒီညမှာပဲ ရန်ကုန်က ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်၊မီဒီယာဒါရိုက်တာ ဦးကျော်မင်းထိုက်က ပြောပါတယ်။ မြန်မာနိုင်ငံတ၀န်း မြို့ပေါင်း ၅၀ မှာ လူငယ်ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတွေ ဖွင့်လှစ်သွားဖို့ ရှိနေပြီး မန္တလေးအကယ်ဒမီကျောင်းဖွင့်ပွဲတုန်းကလည်း ကမာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဆပ် ဘလတ္တာ တက်ရောက်ခဲ့ဖူးပါတယ်။ ဓာတ်ပုံ - Myanmar Football Federation  
4 years Ago
Up