ရန်ကုန်သင်္ကြန်

April 14, 2019

ရန်ကုန်သင်္ကြန်မဏ္ဍပ်များတွင် ရဲတပ်ဖွဲ့က မိုင်းရှင်းလင်းရှာဖွေ (ဓာတ်ပုံ)

ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒီနေ့ သင်္ကြန်အကျနေ့မှာ ရန်ကုန် မြို့နယ်အသီးသီးက ရေကစားမဏ္ဍပ်တွေမှာ မိုင်းရှင်းလင်းရေး ရှာဖွေ စစ်ဆေးခဲ့ကြပါတယ်။ ဓာတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့
2 years Ago

April 15, 2018

ရန်ကုန်သင်္ကြန်အကျနေ့ ခါးပိုက်နှိုက် ၁၃ မှု ဖမ်းဆီးမိ

ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့က ရန်ကုန်တိုင်းမြို့နယ် ၃ ခုက ခါးပိုက်နှိုက်မှု ၁၃ မှု ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရေကစားမဏ္ဍပ်တွေမှာ ရေကစားနေသူတွေဆီက ခါးပိုက်နှိုက်ယူနေတုန်း ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ကျောက်တံတားမြို့နယ်မှာ ၂ မှု၊ လသာမြို့နယ်မှာ ၁၀ မှု၊ လှိုင်သာယာမြို့နယ်မှာ ၁ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုအသီးသီးဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
3 years Ago

သင်္ကြန်ကာလ လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ)

ရန်ကုန် သင်္ကြန်ကာလအတွင်း အများပြည်သူ စည်းကမ်းတကျပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်ရေးအတွက် သင်္ကြန်လည်ပတ်သူတွေဆီက ဘေးအန္တရာယ် ဖြစ်စေမယ့် တုတ်၊ အရက်ပုလင်းခွံတွေနဲ့ သရုပ်ပျက်မျက်နှာဖုံးစွပ်တွေကို စစ်ဆေးရှာဖွေ သိမ်းဆည်းပြီး အသိပေးတာ၊ လူစည်ကားတဲ့ မဏ္ဍပ်တွေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ရှာဖွေတာကို ရဲတပ်ဖွဲ့က ပြုလုပ်နေပါတယ်။ ဓာတ်ပုံ - ရန်ကုန်ရဲတပ်ဖွဲ့  
3 years Ago
More News
Up