ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဖလား

February 10, 2018

ရန်ကုန်လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ

၇၁ နှစ်​​မြောက်​ ပြည်​​ထောင်​စု​နေ့အထိမ်းအမှတ်​အဖြစ် ရန်ကုန်တိုင်းလွှတ်တော် ဥက္ကဋ္ဌဖလား လျှပ်တပြက် ဘောလုံးပြိုင်ပွဲကို ဒီနေ့ မနက်ပိုင်းက ရန်ကုန် ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကို ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင် ​လွှတ်​​တော်​ကိုယ်​စားလှယ်​များအသင်း၊ အ​နောက်​ပိုင်းခရိုင်​လွှတ်​​တော်​ကိုယ်​စားလှယ်​များအသင်း၊ တောင်​ပိုင်းခရိုင် ​လွှတ်​​တော်​ကိုယ်​စားလှယ်​များအသင်းနဲ့ မြောက်​ပိုင်း ခရိုင်လွှတ်​​တော်​ကိုယ်​စားလှယ်​များအသင်းဆိုပြီး ၄ သင်းခွဲ ယှဉ်ပြိုင်ခဲ့တာပါ။ ပထမဆုကိုတော့ ​မြောက်​ပိုင်းခရိုင်​လွှတ်​​တော် ​ကိုယ်​စားလှယ်​အသင်းက ရရှိသွား​တယ်လို့ သိရပါတယ်။
4 years Ago
Up