ရန်ကုန်မှ ဟောင်ကောင်သို့ ပျံသန်းသည့် လေယာဉ် ငှက်နှင့်တိုက်မိပြီး ခရီးစဉ် ဖျက်သိမ်း

November 25, 2015

ရန်ကုန်မှ ဟောင်ကောင်သို့ ပျံသန်းသည့် လေယာဉ် ငှက်နှင့်တိုက်မိပြီး ခရီးစဉ် ဖျက်သိမ်း

နိုဝင်ဘာ ၂၅ ရက် မနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဟောင်ကောင်ကို ဦးတည်ပျံသန်းတဲ့ လေယာဉ်နဲ့ ငှက်တကောင် ဝေဟင်မှာ တိုက်မိပြီး လေယာဉ် အရှေ့ဘက်မှန် ကွဲအက်သွားတာကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့ ရန်ကုန် လေကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒရာဂွန် (Dragon) လေကြောင်းပိုင် A-321 လေယာဉ်အမှတ် BHTF ဟာ ရန်ကုန်လေဆိပ်ကနေ စတင်ထွက်ခွာပြီး ၁၅ မိနစ်ခန့်အကြာမှာ ငှက်နဲ့ မတော်တဆဖြစ်ခဲ့ပြီး ပြန်လည်ဆင်းသက်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
6 years Ago
Up