ရန်ကုန်တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ ကျင်းပ

February 5, 2019

ရန်ကုန်တရုတ်တန်းတွင် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်မြို့ တရုတ်​တန်းမှာ တရုတ်​နှစ်​သစ်​ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ​ဖေ​ဖော်​၀ါရီ ၅ ရက်​​မနက်က ကျင်းပရာမှာ ရန်​ကုန်​တိုင်း​ဒေသကြီး ၀န်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းနဲ့ မြန်​မာနိုင်ငံဆိုင်ရာ တရုတ်​သံအမတ်​ကြီးတို့ တက်ရောက်​ ဖွင့်လှစ်​​ပေးခဲ့ပါတယ်။ တရုတ်သံအမတ်ကြီးက “မကြာမီရောက်ရှိလာတော့မယ့် ဝက်နှစ်ဟာ  တရုတ်-မြန်မာနှစ်နိုင်ငံ ပြည်သူတွေအတွက် အကျိုးစီးပွားတွေ ပိုမိုဆောင်ကြဉ်းပေးလာပြီး မိမိတို့ရဲ့ လမ်းဆုံကို ထပ်မံရောက်ရှိလာမယ့် ကမ္ဘာကြီးအတွက် မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မှုတွေ ပိုမို ဆောင်ကြဉ်းပေးလာမယ်လို့ မျှော်လင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။ တရုတ်ပြက္ခဒိန်အရ ခွေးနှစ်ကနေ ဝက်နှစ်ကို ကူးပြောင်းတဲ့ အချိန်အခါကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းမှာ တရုတ်နှစ်သစ်ကူး ပွဲတော်တွေကို ကျင်းပနေတာဖြစ်ပါတယ်။
2 years Ago
Up