ရန်ကုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း တိမွေးကု အတည်ပြု

July 31, 2017

ရန်ကုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားကြောင်း တိမွေးကု အတည်ပြု

  ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ အိမ်မွေးကြက်တချို့ သေဆုံးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ H5N1 ကြက်ငှက်တုပ်ကွေးဖြစ်တယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ဒီနေ့ ဇူလိုင် ၃၁ မှာ ထုတ်ပြန်ပါတယ်။ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာ ခြံမရှိပဲ မွေးမြူထားပြီး သစ်ပင်တွေပေါ်အိပ်တဲ့ ကြက်တချို့ သေဆုံးခဲ့တာကြောင့်  စစ်ဆေးခဲ့ပြီး အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။    အများအပြားမွေးထားတာ မဟုတ်ပဲ ကြက်အကောင် ၂၀ ကျော်ရှိတာမှာ ၃ ကောင် သေဆုံးခဲ့ပြီး မသင်္ကာလို့ စစ်ဆေးခဲ့တာပါ။ ကျန်တဲ့ကြက်တွေကိုလည်း တိမွေးကုဌာနက သုတ်သင်ရေးနည်းလမ်းပြ ဦးဆောင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ကြက်ငှက်တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၈ ကြိမ် ကျရောက်ခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြစ်ခဲ့တဲ့နေရာတွေမှာ ပိုးသတ်ဆေးဖြန် ရောဂါထိန်းချုပ်တာ၊ ဟောပြောတာတွေ လုပ်နေပြီး ကြက်ငှက်တွေ ရုတ်တရက်သေဆုံးတာရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွေကို အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။
4 years Ago
Up