အာရှ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၇ ခြေစစ်ပွဲတွေကို ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၁၇ ခုနှစ် အာရှ အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ အကြိုခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ၂၄ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။
အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ မူလက သတ်မှတ်ထားပေမယ့် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံတဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံမကျင်းပတော့ပဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပသွားမှာဖြစ်ပါတယ်။
ခြေစစ်ပွဲ အုပ်စု (ဂ)မှာတော့ မြန်မာအသင်းနှင့် အတူ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ္စတန် အစရှိတဲ့ အသင်းတွေ ပါဝင်ပါတယ်။
6 years Ago