ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

August 17, 2015

ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ကျင်းပ (ဓာတ်ပုံ)

ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၅) ပထမနေ့ အစည်းအဝေးကို သြဂုတ်လ ၁၇ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။
ဒီနေ့ အစည်းအဝေး ခေါင်းစဉ်တွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဘဏ္ဍာခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်ငွေစာရင်းတွေကို စည်ပင်သာယာရေး ဆိုင်ရာ၊ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းဆိုင်ရာ၊ ငွေစာရင်းတွေ တင်ပြသွားမယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ လျာထားချက်တွေကို တင်သွင်းသွားမှာဖြစ်ပါတယ်။
ဓာတ်ပုံ - မေသင်္ကြန်  
6 years Ago

June 19, 2015

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လွှတ်တော်တွင် ယနေ့ ဆွေးနွေးမည်

မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀ ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဇွန် ၁၉ ရက်နေ့က ဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ဒီမဟာဗျူဟာစီမံကိန်းကို လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ် ရယူမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အစိုးရအဖွဲ့ကိုယ်စား ဒီမဟာဗျူဟာစီမံကိန်း အစီရင်ခံစာကို ဇွန် ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ ဒီမဟာဗျူဟာစီမံကိန်းမှာ ရန်ကုန်အရှေ့ပိုင်းမြို့သစ်၊ အနောက်တောင်ပိုင်းမြို့သစ်၊ သန်လျင်မြို့သစ်၊ ဒလမြို့သစ်၊ ထန်းတပင်မြို့သစ်၊ မှော်ဘီမြို့သစ်၊ လှည်းကူးမြို့သစ် စတဲ့ ဦးစားပေးအလိုက် မြို့သစ်စီမံကိန်း ၇ ခု ပါဝင်ပါတယ်။ အကျယ်အဝန်းစုစုပေါင်း ဧက ၁ သိန်း ၁ သောင်းကျော်မှာ လူဦးရေ ၂ သန်း ၄ သောင်းကျော် နေထိုင်ဖို့အတွက် ရေးဆွဲထားပါတယ်။ ကုန်ကျစရိတ် စုစုပေါင်းကတော့ ကျပ်ဘီလီယံ ၈၁၀၀ ကျော်ဝန်းကျင် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
6 years Ago
Up