ရန်ကုန်တိုင်းထဲမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလအထိ အမှုကြီးပေါင်း ၄၃၅ မှု ဖြစ်ပွားခဲ့တာမှာ မုဒိမ်းမှုက ၂၁၂ မှု ဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ အချက်အလက်တွေအရ ဇန်နဝါရီလမှာ မုဒိမ်းမှု ၁၃ မှုကနေ လစဉ်လိုလို တိုးပွားလာပြီး နိုဝင်ဘာလမှာတော့ ၃၃ မှုအထိ ရှိလာပါတယ်။
ဒုတိယအများဆုံးကတော့ လူသတ်မှုဖြစ်ပြီး နိုဝင်ဘာလအထိ ၁၆၈ မှု ရှိပါတယ်။ လူသတ်မှု အနည်းဆုံးလမှာ ၉ မှု ဖြစ်ပြီး အများဆုံးဖြစ်တဲ့ နိုဝင်ဘာလမှာတော့ ၂၅ မှု ရှိပါတယ်။
စာရင်းတွေအရ အခြားအမှုပေါင်း ၁၃၅၉၀ မှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကြိုတင်ကာကွယ်အမှုပေါင်း ၃၈၆၃၁ မှုရှိပြီး ပြည့်တန်ဆာအမှုက ၇၁၈ မှု ပါဝင်ပါတယ်။
6 years Ago