ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျွမ်းကျင်လုပ်သားရှားပါးနေ

August 12, 2018

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်ပြတိုက် ဖွင့်မည်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လာမယ့် နိုဝင်ဘာလအတွင်း ဆင်ပြတိုက်တခုဖွင့်ဖို့ စီစဉ်နေတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ WWF က သတင်းထုတ်ပြန်ပါတယ်။ ဒီပြတိုက်ကို သစ်တောဦးစီးဌာနက ဖွင့်လှစ်မှာဖြစ်ပြီး တောရိုင်းဆင်တွေနဲ့ လုပ်ငန်းသုံးဆင်တွေရဲ့ အခန်းဏ္ဍနဲ့ ကြုံနေရတဲ့ အန္တရာယ်တွေကို ခင်းကျင်းပြသသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဆင်တွေကို အမဲလိုက်သတ်ဖြတ်မူနဲ့ အရေခွံဆုတ်ခွာမူတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တပတ်ကို တောဆင်ရိုင်းတကောင် အသတ်ခံနေရပါတယ်။ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၁၄ဝဝ နဲ့ ၂ဝဝဝ ကြားသာ ကျန်ရှိတော့တယ်လို့ WWF က ခန့်မှန်းထားပါတယ်။
3 years Ago

October 9, 2017

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျွမ်းကျင်လုပ်သားရှားပါးနေ

  ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်တွေကိုထိန်းသိမ်းတဲ့ ကျွမ်းကျင်လုပ်သားတွေရှားပါးမှု အခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။ ဧက ၇၀ ကျော်ကျယ်ဝန်းတဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၃မျိုးနဲ့ အကောင်ရေပေါင်း ၁၀၀၀ ကျော်ရှိနေတာမှာ  အဲဒီတိရိစ္ဆာန်တွေကိုထိန်းသိမ်းဖို့ ကျွမ်းကျင်တဲ့ လုပ်သားကတော့ နည်းပါးလာနေတာဖြစ်ပါတယ်။ နိုင်ငံတကာက တိရိစ္ဆာန်ရုံဝန်ထမ်းတွေလို မြန်မာနိုင်ငံမှာ သတ္တဗေဒဘာသာရပ် ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေကိုလည်း ခန့်အပ်နိုင်ခြင်းမရှိသေးဘူးလို့ ရန်ကုန်တိစ္ဆာန်ဥယျာဉ် တိရိစ္ဆာန်ဆေးကုဌာနခေါင်းဆောင် ဒေါက်တာမြင့်သိန်းကပြောပါတယ်။ တိရိစ္ဆာန်တွေကို ထိန်းသိမ်းတဲ့ ဝန်ထမ်းတွေအတွက် ဘဝအာမခံချက်နည်းပါးတဲ့အတွက် ဒီလုပ်ငန်းကိုလုပ်ကိုင်လိုသူ နည်းပါးလာတာလည်းဖြစ်တယ်လို့  ရန်ကုန်တိရစ္ဆာန်ဥယျာဉ် (ကျား ခြင်္သေ့လှိုဏ်ဂူ တာဝန်ရှိသူ ဦးလှမျိုးကပြောပါတယ်။ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ပုံမှန်ရုံးဖွင့်ရက်တွေမှာ လူ ၁၀၀၀ ကနေ ၃၀၀၀ အထိ လာရောက်လည်ပတ်ပြီး စနေ၊ တနင်္ဂနွေနေ့တွေမှာတော လူ ၅၀၀၀ ကနေ ၁၀၀၀၀ ကြား လာရောက်လည်ပတ်ကြပါတယ်။ တိရိစ္ဆာန်အကောင်ရေပေါင်း တစ်ထောင်ကျော်အတွက် နေ့စဉ်အစာစရိတ်က ငွေကျပ် ၁၀ သိန်းနီးပါးအထိ ကုန်ကျတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေကပြောပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို စတင်တည်ထောင်တဲ့ ၁၉၀၆ ခုနှစ်မှာ နိုင်ငံတော်က တာဝန်ယူ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ထူးကုမ္ပဏီ အုပ်စုက  တာဝန်ယူပြီး ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။
4 years Ago
Up