ရန်ကုန်စတော့အိတ်ချိန်း

March 25, 2016

ရန်ကုန်စတော့အိတ်ချိန်း စဖွင့်သည့်နေ့တွင် ကျပ် ၁ ဘီလီယံကျော် ရောင်းရ

ဒီကနေ့ မတ်လ ၂၅ ရက် ရန်ကုန်စတော့အိတ်ချိန်း စဖွင့်တဲ့နေ့မှာဘဲ မနက်ပိုင်းတင် ကျပ် ၁ ဒဿမ ၃ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရှယ်ယာတခုကို ကျပ် ၃၁၀၀၀ နဲ့ အမြှင့်ဆုံးပေးခဲ့ပြီး ရှယ်ယာအရေအတွက်ပေါင်း ၄၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရှယ်ယာတန်ဖိုးက မူရင်းတန်ဖိုးထက် တစ်ဆခွဲဈေးရခဲ့ပါတယ်။ ဝယ်ယူဖို့အတွက် offer လုပ်ထားတဲ့ရှယ်ယာက ၈ သောင်းကျော်ရှိနေပြီး ပေးနိုင်တဲ့ဈေးနဲ့ အရောင်း အဝယ် ဖြစ်ခဲ့တာက ၄ သောင်းကျော် ရှိပါတယ်။  
7 years Ago

January 12, 2016

အစုရှယ်ယာများ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေမှု အရေးယူမည်

အင်တာနက် အွန်လိုင်းပေါ်မှာ အစုရှယ်ယာတွေ တရားမ၀င် ကမ်းလှမ်းဖိတ်ခေါ် ရောင်းချနေတာတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က သတိပေး ကြေညာလိုက်ပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင် အစုရှယ်ယာတွေကို အရောင်းအဝယ် ပြုလုပ်နိုင်ဖို့ ပြင်ဆင်ဆောင်ရွက်နေချိန်ကို အခွင့်ကောင်းယူပြီး ပုံနှိပ်မီဒီယာတွေနဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ကတဆင့် အစုရှယ်ယာတွေ ကမ်းလှမ်းဖိတ်ခေါ် ရောင်းချတာ၊ Yangon Stock Exchange-YSX အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ပြီး တရားဝင်စာမျက်နှာသဖွယ် ဆောင်ရွက်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ မကြာမီကာလမှာ အများပြည်သူတွေအနေနဲ့ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီတွေကို ကြားခံပြီး ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာတွေကို ဥပဒေနဲ့အညီ လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်တော့မယ်လို့လည်း ကော်မရှင်ရဲ့ သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အစုရှယ်ယာတွေကို တရားဝင်ရောင်းချနိုင်ဖို့ အများပိုင်ကုမ္ပဏီကြီး ၆ ခုကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အများပြည်သူတွေအနေနဲ့ အစုရှယ်ယာတွေကို လာမယ့်နှစ် ဖေဖော်ဝါရီနောက်ပိုင်းမှ တရားဝင် စတင်ဝယ်ယူ ရောင်းချခွင့်ရရှိမှာ ဖြစ်ပါတယ်။
7 years Ago
Up