ရန်ကင်းကလေးဆေးရုံကြီး၌ ကလေးငယ် ၁ ဦး H3N2 တုပ်ကွေးရောဂါပိုးတွေ့ရှိ

July 26, 2017

ရန်ကင်းကလေးဆေးရုံကြီး၌ကုသနေသည့် ကလေး ၂ ဦးအနက် ၁ ဦး H1N1 နှင့်ကျန် ၁ ဦး၌ H3N2 ရောဂါပိုးတွေ့ရှိ

  ရန်ကင်းကလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကလေးငယ် ၂ ဦးမှာ H1N1 သံသယရှိတဲ့ လက္ခဏာတွေ့ရှိတဲ့အတွက် ဓာတ်ခွဲစမ်းသပ်ရာမှာ ကလေးငယ် ၂ ဦးထဲက ၁ ဦးမှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ပြီး နောက် ၁ ဦးမှာ ရာသီပေါ်တုပ်ကွေး အမျိုးအစား H3N2 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောပါတယ်။ လက်ရှိမှာ ကလေးငယ် ၂ ဦးကို ရန်ကင်းကလေးဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင် သီးသန့် အခန်းမှာ တယောက်တခန်းထား ကုသပေးနေပြီး ကလေးငယ် ၂ ဦးရဲ့ ကျန်းမာရေး အခြေအနေမှာ မနေ့ကထက်ကောင်းမွန်တဲ့ အနေအထားရှိပေမယ့် လက်ရှိမှာတော့ သေချာစောင့်ကြပ် ကုသမှုတွေကို လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။ ကလေးငယ်နှစ်ဦးမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်မှ အသက် ၃ နှစ် အရွယ် ကလေးငယ်တဦးနဲ့ ပဲခူးတိုင်း သက္ကလမြို့နယ်မှ အသက် ၅ နှစ်ခွဲအရွယ် ကလေးငယ်တဦး ဖြစ်ပြီး ကလေးငယ် နှစ်ဦးလုံးမှာ ယောင်္ကျားလေးတွေဖြစ်ပါတယ်။ ကလေးငယ်နှစ်ဦးမှာ တဦးဟာ အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တဲ့ရောဂါနဲ့ နောက်တဦး ကတော့ ကျောက်ကပ်ရောင်ရောဂါဖြစ်ပွားပြီး ဆေးရုံကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up