ရန်ကင်းကလေးဆေးရုံတွင်ကျင်းပသည့် နှစ်သစ်ကူးအကြိုပျော်ပွဲရွှင်ပွဲ (ဓာတ်ပုံ)

April 5, 2018

ရန်ကင်းကလေးဆေးရုံတွင်ကျင်းပသည့် နှစ်သစ်ကူးအကြိုပျော်ပွဲရွှင်ပွဲ (ဓာတ်ပုံ)

  နှစ်သစ်ကူးအကြိုပျော်ပွဲရွှင်ပွဲနဲ့ ဆေးရုံတက်ရောက်ကုသနေတဲ့ ကလေးငယ်တွေကို အဟာရနဲ့ လက်ဆောင်ပစ္စည်းပေးအပ်ပွဲကို ဧပြီ ၅ ရက် မွန်းလွဲပိုင်းက ရန်ကင်း ကလေးဆေးရုံကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ ကုတင် ၅၅၀ဆံ့ ရန်ကင်းကလေးဆေးရုံကြီးနဲ့ မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်း (ယာယီ) တို့ ပူးပေါင်းကျင်းပတဲ့ဒီပွဲမှာ ရန်ကင်းကလေးဆေးရုံကြီးက သူနာပြုတွေ၊ ဝန်ထမ်းတွေက သင်္ကြန်အကအလှတွေနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။ မြန်မာ-တရုတ်ယဉ်ကျေးမှု အသင်းယာယီက ကလေးငယ်တွေကို သင်္ကြန်ရေပြွတ်တွေ၊ ကစားစရာတွေ၊ ခေါင်းအုံးတွေနဲ့ အဟာရမှုန့်တွေ ပေးအပ်ခဲ့ပါတယ်။
3 years Ago
Up