ရထား ၂ စင်းတိုက်

May 25, 2021

မလေးရှားမြို့တော်တွင် ရထား ၂ စင်းတိုက်မိ၊ လူ ၂၀၀ ကျော်ဒဏ်ရာရ

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူက ပက်ထရိုနပ်စ် အမွှာမျှော်စင်အနား မြေအောက်ရထားဥမင်ထဲမှာ ရထား ၂ စင်း မေလ ၂၄ရက်က တိုက်မိခဲ့တာကြောင့် လူအယောက် ၂၀၀ ကျော် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။

ပြုပြင်နေလို့ လူမရှိတဲ့ ရထားတစီးကို ဒေသစံတော်ချိန် ည ၈ နာရီ ၄၅မိနစ်မှာ ဆန့်ကျင်ဘက်နေရာကနေ မောင်းလာတဲ့ ခရီးသည် ၂၁၃ ယောက်ကို တင်လာတဲ့ ရထားက ခေါင်းချင်းဆိုင် တိုက်မိတာလို့ ခရိုင်ရဲ အကြီးအကဲ မိုဟာမဒ် ဇိုင်နယ်လ် အဗ်ဒူလာက ပြောပါတယ်။

လူ ၄၇ ယောက်က အပြင်းအထန် ဒဏ်ရာရပြီး  ၁၆၆ ယောက်ကတော့ အသေးစား ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။

7 months Ago
Up