ရထားလမ်းကူးမှာ အရှိန်နဲ့မောင်းလာတဲ့ရထားက ကား ၂ စီးကို ဝင်တိုက်မိတဲ့ ထိတ်လန့်ဖွယ် အခိုက်အတန့်မြင်ကွင်းကို စီစီတီဗွီကင်မရာက ရိုက်ကူးမိတယ်လို့ မေရာရဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
စီစီတီဗွီရုပ်သံမှာ မြင်ရတာက ဒီရထားနဲ့ ကားမတိုက်ခင် လမ်းဆုံက မီးပွိုင့်ဟာ အနီရောင်ပြောင်းသွားပါတယ်။
ဒါပေမယ့် လမ်းဆုံက ဂိတ်တားတံက အောက်ကိုကျလာပြီး မတားပဲ အပေါ်မှာ ဆက်ရှိနေတာကြောင့် ကားတွေက ရထားလမ်းကူးတဲ့နေရာကို ဆက်မောင်းသွားကြတာပါ။
ဒီကားနဲ့ရထား ရထားလမ်းကူးမှာ တိုက်မိတာက ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၂ နာရီ ၅၆ မိနစ်မှာ တရုတ်နိုင်ငံ ဝမ်ဂျိုမြို့မှာ ဖြစ်ခဲ့တာပါ။
ရထားရဲ့ကြီးမားတဲ့အရှိန်က ဗင်ကားကို ရထားရဲ့အဝေးကို လွင့်စင်သွားစေပြီး နောက် SUV အမျိုးအစား ကားတစီးကိုတော့ မီတာ ၁၀၀ လောက်ထိ ရထားက တရွတ်ဆွဲသွားတာပါ။
မယုံကြည်နိုင်လောက်အောင်ပဲ ဘယ်သူမှ သေဆုံးခြင်းမရှိပါဘူး ကားတိုက်ပြီးပြီးချင်း ကားမောင်းသမား တဦးက လမ်းတောင် ဆင်းလျှောက်လိုက်ပါသေးတယ်။
ကား ၂ စီးလုံး လုံးဝ ပျက်စီးသွားသလို ကားမောင်းသမား ၂ ဦးနဲ့ SUV ကားပေါ်က ခရီးသည် ၂ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။
လူနာတွေရဲ့ အခြေအနေက ကောင်းမွန်နေပြီး နောက်ထပ်လိုအပ်တဲ့ ကုသမှုတွေ ခံယူနေတယ်လို့ ဆိုပါတယ်။
အားလုံးရှင်းလင်းပြီးလို့ နာရီဝက်လောက်အကြာမှာ ရထားလမ်းက မီးပွိုင့်က ပုံမှန် ဆက်အလုပ်လုပ်နေပါတယ်။
ဒေသခံ လမ်းပြပုလိပ်တွေက ဒီမထင်မှတ်တဲ့ ဖြစ်ရပ် ဘာကြောင့်ဖြစ်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ သိရပါတယ်။
6 years Ago