မုံရွာမြို့ မုံရွာတောင်ရပ်ကွက် ပြည်ထောင်စုလမ်းမှာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက မီးရထားနဲ့ ၆ ဘီး ကုန်ကားဝင်တိုက်မိရာမှ ကားအတွင်းရှိ ယာဉ်နောက်လိုက် ၁ ဦး သေဆုံးခဲ့ပါတယ်။
စက်ခေါင်းမောင်း ဦးစိုးဝင်းမောင်းနှင်လာတဲ့ စက်ခေါင်းအမှတ် DD 946 အမှတ် ၁၂၅ အဆန်လော်ကယ်ရထားနဲ့ ကနီမြို့နယ်၊ မှုတ်ချောင်းကျေးရွာမှ ငြိမ်းချမ်း ၂၈ နှစ် မောင်းနှင်လာတဲ့ ၂ခ/၉၆၈၈ 4D ကောင်တာအဖြူရောင် ၆ ဘီးကားတို့ တိုက်မှုဖြစ်ပွားခဲ့တာပါ။
အဆိုပါကုန်ကားဟာ ညောင်ကိုင်းအင်းဖြတ်လမ်းမှတဆင့် ပြည်ထောင်စုလမ်းပေါ်အတက် သံလမ်းကို ဖြတ်ကူးရာမှ ပခုက္ကူ-မုံရွာအဆန် မီးရထားနဲ့ အခုလို ကန့်လန့်ဖြတ်ဝင်တိုက်မိခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ယာဉ်နောက်လိုက် အဲဖိုး ၂၅ နှစ် မှာ ကားအောက်ပိတ်မိနေခဲ့ကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အချိန် ၁ နာရီကျော်ကြာ ကရိန်း ၂ စီးနဲ့ မထုတ်ခဲ့ပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါတယ်။
မီးရထားအား ဝင်တိုက်ခဲ့တဲ့ ကုန်ကားယာဉ်မောင်းကို မီးရထားဦးစီးဌာနမှ မီးရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၈၅ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ဓာတ်ပုံ - ရန်နိုင်စိုး
6 years Ago