ရထားကြိတ်ခံရ (ရုပ်သံ)

September 24, 2017

ဖုန်းပြောရင်း လမ်းမကူးကြနှင့်၊ အမျိုးသမီးတဦး ရထားကြိတ်ခံရ (ရုပ်သံ)

အမျိုးသမီးတဦး လမ်းသွားနေတုန်း ဖုန်းခေါ်သံဝင်လာလို့ ဖုန်းကိုင်လိုက်ချိန် သူမကို ရထားတိုက်မိသွားပြီး ခြေထောက်ဖြတ်လိုက်ရပါတယ်။ ဒီအဖြစ်အပျက်က စက်တင်ဘာလ ၂၂ ရက်နေ့ ယူကရိန်းနိုင်ငံ ခါကိ့ဗ်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ထွက်ပေါ်လာတဲ့ ရုပ်သံထဲမှာ အသက် ၄၀ အရွယ် အမျိးသမီးတဦး ရထားလမ်းပေါ် ကန့်လန်ဖြတ်ရှိနေတဲ့ လူသွားလမ်းပေါ် ဦးတည်ပြီး လမ်းလျှောက်လာပါတယ်။ လက်ထဲမှာ ဖုန်းကိုင်ထားတဲ့ အမျိုးသမီးက လမ်းရဲ့ဘယ်ညာကို မကြည့်ဘဲ လမ်းပေါ် လျှောက်ချိန် အဝါရောင်တောက်တောက် ရထားက သူမရဲ့ ဘယ်ဘက်မှာ ပေါ်လာပေမယ့် သူမက မမြင်ပဲ သူမ လျှောက်ရမယ့် လမ်းကိုပဲ ဆက်လျှောက်ခဲ့တာပါ။ ရထားက ရပ်ဖို့ အခြေအနေမပေးဘဲ အမျိုးသမီးကို ဝင်တိုက်ခဲ့ပြီး သူမကို မြေပြင်ပေါ် ပစ်လဲကျစေခဲ့တာပါ။ အထိတ်တလန့်ဖြစ်သွားတဲ့ ကြည့်မြင်လိုက်ရသူ တဦးလည်း လန့်ဖြန့်ပြီး ခုန်လိုက်တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ဒေသခံသတင်းဌာနတွေရဲ့ အဆိုအရ အမျိုးသမီးက မီးနီကို မကြည့်ခဲ့ဘူးလို့ သိရပါတယ်။ ရထားက အမျိုးသမီးရဲ့ ညာခြေထောက်ကို တက်ကြိတ်လိုက်ပြီး သူမခန္ဓာကိုယ်မှာ သွေးတွေအများကြီး ထွက်လာတယ်လို့ ဒေသခံသတင်းက ထုတ်ပြန်ရေးသားထားပြီး သူမကို လူနာတင်ယာဉ်နဲ့ ဆေးရုံကို အမြန်ပို့ဆောင်ပေးလိုက်တယ်။ ခုချိန်မှာ သူမကို ခွဲစိတ်ကုသနေတယ်လို့ မေရာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up