ရထားသံလမ်းကြား ရောက်နေသူကို စွန့်စားကယ်တင်ခဲ့သူအား ဂုဏ်ပြုရန် ရှာဖွေ

A d v e r t i s e m e n t With Us

August 18, 2016

ရထားသံလမ်းကြား ရောက်နေသူကို စွန့်စားကယ်တင်ခဲ့သူအား ဂုဏ်ပြုရန် ရှာဖွေ (ရုပ်သံ)

ဗြိတိန် တော့တင်ဟမ်ကော့ ဘူတာရုံမှာ ရထားသံလမ်းကြားထဲ ရောက်နေတဲ့သူတဦးကို စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့ ခရီးသည်ကို ဂုဏ်ပြုဖို့အတွက် တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။ သြဂုတ် ၁၆ ရက်က နေမကောင်းဖြစ်နေပုံပေါ်တဲ့ အသက် ၄၇ နှစ်အရွယ် လူတဦး ရထားသံလမ်းကြားထဲ ပြုတ်ကျသွားတာကို အမည်မသိတဲ့ လူတဦးက ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ လုံခြုံရေးမှတ်တမ်းတင်ထားတဲ့ ကင်မရာတွေအရတော့ ဂျင်းအင်္ကျီနဲ့ အနက်ရောင်တီရှပ် ၀တ်ထားတဲ့ သူတဦးက နေမကောင်းဖြစ်နေတဲ့သူတဦးကို လုံခြုံစိတ်ချတဲ့နေရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ နေမကောင်းဖြစ်နေတဲ့သူကို ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေမှာ ရေးပါတယ်။ ဗြိတိန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့တွေကတော့ ကယ်တင်တဲ့သူနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကလည်း သူ့ရဲ့ လျင်မြန်တဲ့ ဆုံးဖြတ်ချက်နဲ့ သတ္တိရှိတဲ့ လုပ်ဆောင်ချက်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ရထားလာမယ်လို့ အချက်ပေးထားခဲ့ပြီးဖြစ်သလို တချို့ခရီးသည်တွေက ဒီကြေကွဲဖွယ်ဖြစ်ရပ်ကို ရှောင်ဖယ်ဖို့ ကြိုးစားပေမယ့် ကယ်တင်ရဲတဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up