တရုတ်နိုင်ငံမြောက်ပိုင်း တီရန်ကျင်းစီရင်စုနယ်မြေ၊ ဂျီဇီယန်ဒေသမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးဟာ ရထားသံလမ်းဘေး ခြံစည်းရိုးကြားမှာ ခေါင်းညပ်နေခဲ့လို့ ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ သြဂုတ် ၁၄ ရက်နေ့က ဖော်ပြပါတယ်။
သူ့ရဲ့မိဘတွေဟာ အဆိုပါ ရထားသံလမ်းဘေး ကွင်းပြင်ထဲမှာ အလုပ်လုပ်နေခဲ့ချိန် ကလေးငယ်ဟာ ဆော့ကစားနေရင်း ခြံစည်းရိုးအပေါက်ကြား ခေါင်းဝင်ကာ ညပ်သွားခဲ့ရတာပါ။
ကံကောင်းထောက်မစွာပဲ အောက်ဟစ်အကူအညီတောင်းနေတဲ့ ကလေးငယ်ဆီ ရဲတဦးရောက်ရှိလာခဲ့ပြီး ခေါင်းကို ပြန်ထုတ်နိုင်ဖို့ တည့်မတ်ပေးခဲ့တာပါ။
ကယ်ဆယ်ရေးသမားတွေ ရောက်မလာခင်မှာ သူဟာ ကလေးငယ်ကို ရေတိုက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အချိန် ၂၅ မိနစ်လောက် အကြာမှာတော့ ကယ်ဆယ်ရေးသမားတွေ ရောက်လာကြပြီး ခြံစည်းရိုးကို ဖြတ်တောက်ကာ ကလေးငယ်ကို အောင်အောင်မြင်မြင် ဆွဲထုတ်နိုင်ခဲ့တာပါ။
5 years Ago