ရထားလမ်းချော်

June 25, 2019

ဘင်္ဂလားဒေ့ရှ်တွင် ခရီးသည်တင်ရထား လမ်းချော်၊ ၅ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခရီးသည်တင် ရထားတစီးဟာ ဇွန်လ ၂၄ ရက်က တံတားကို ဖြတ်ကူးရင်း လမ်းချော်ခဲ့လို့ လူငါးယောက်ထက်မနည်း သေဆုံးပြီး အယောက်တရာကျော် ဒဏ်ရာရပါတယ်။ တူးမြောင်းထဲ ပြုတ်ကျ နစ်မြုပ်နေတဲ့ ရထားတွဲ နှစ်တွဲထဲမှာ လူတွေရှိနေလို့ သေဆုံးသူအရေအတွက် ပိုတိုးလာနိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ မြို့တော်ဒါကာဆီကို နိုင်ငံအရှေ့ပိုင်း စီလ်ထက်မြို့ကလာတဲ့ ရထား လမ်းချော်ခဲ့တာလို့ ရဲအရာရှိ မိုဟမ်မဒ် ရှားဂျလဲက ပြောပါတယ်။ မြို့တော်ဒါကာရဲ့ အရှေ့ဘက် မိုင် ၁၃၀ အကွာက မော်လာဝီဈေးခရိုင်ထဲမှာ ရထား လမ်းချော်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကြီးကြပ်ကွပ်ကဲမှုမရှိတဲ့ လမ်းဆုံတွေ အများအပြားမှာ ရထားလမ်း မတော်တဆမှုတွေ မကြာခန ဖြစ်လေ့ရှိပါတယ်။
3 years Ago

November 21, 2018

စပိန်တွင် မြို့ပတ်ရထားတစီး လမ်းချော်၊ လူ ၁ ဦး သေဆုံး

စပိန်နိုင်ငံ ဘာစီလိုနာမြို့ပြင်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က မြို့ပတ်ရထားတစီး လမ်းခော်ျခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အရှေ့မြောက်ပိုင်း တယ်ဟာဆာနဲ့ မန်ဟူဆာမြို့ နှစ်မြို့ကြားမှာ မနက် ၆ နာရီဝန်းကျင်  မြေပြိုခဲ့တာကြောင့် ရထားလမ်းချော်ရတာဖြစ်တယ်လို့ ရထားလမ်းကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရထားအပျက်အစီးအတွင်း ပိတ်မိနေတဲ့ ခရီးသည်တွေ ကယ်ဆယ်နေပုံကို စပိန်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်းမှာ မိုးကြီးမှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လမ်းချော်ခဲ့တဲ့ ရထားပေါ်မှာ ခရီးသည် ၁၃၁ ဦး လိုက်ပါလာတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up